အခန်း ၄ အနိုင်ယူတတ်ခြင်း ၁

447 38 0
                                    

< Unicode >

" သုတ "

" ဟုတ် ကိုကို "

" မင်းမှားလား မှန်လား "

သုတသည် ထိုကောင်လေးအား တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုနောက်သက်ပြင်းချကာ

" ကျွန်တော် မှားပါတယ် "

" မှားမှန်းသိရင် ဘာလုပ်ရမလဲ သိမှာပေါ့ "

သုတသည် အစ်ကိုဖြစ်သူအား အလန့်တကြားကြည့်မိလိုက်သည်။ သူ့အစ်ကိုက လူတွေရှေ့မှာ သူ့ကို ဒူးထောက်စေချင်တာလား ။

သီထွဋ်သည် အခြေအနေကို ကြည့်ကာ မောင်ပုပြောပြဖူးသည့် ဤရွာ၏ ဓလေ့နှင့် အကြောင်းအရာအချို့အား သတိရလိုက်မိသည်။ အင်းလေ..ယောကျ်ားတစ်ယောက်က အများရှေ့ကြီးမှာ ဘယ်လိုလုပ် ဒီလိုမျိုးလုပ်နိုင်ပါ့မလဲ။

" အာ..ရတယ်ရတယ် မလိုဘူး မလိုဘူး ပြီးသွားပြီပဲ ကျွန်တော်အဆင်ပြေတယ် "

သီထွဋ်စကားကြောင့် ညီအစ်ကို နှစ်ယောက်လုံး က ကြည့်လာ၏ ။

" ဘာကို အဆင်ပြေတာလဲ "

ဘယ်လို ပြန်ဖြေရမည်ကို သီထွဋ် မသိပေ ။

" ဟို..ကျွန်တော် ဗိုက်ဆာပြီဗျ မနက်ကတည်းကစ ဘာမှ မစားရသေးဘူး ဒီကောင်လေးကလည်း ကျွန်တော့်ကို
ဘာမှ မကျွေးဘူးလေ စားမလားတောင်မမေးဘူး အဲ့တာ.."

စကားကို ဆုံးအောင်မပြောပဲ ခေါင်းလေးငြိမ့်နေသူကြောင့် ထွက်နေသော ဒေါသက ပြေလျော့သွားသည် ။

" ဒါဆို ကိုယ်နဲ့လိုက်ခဲ့ မောင်ပု မင်းတော်တော် အသုံးမကျဘူး "

" အဟဲ ခေါင်းမင်းကလည်း ကျွန်တော်လည်း မေ့နေတာဗျ "

" မင်းစားဖို့တော့ မမေ့ဘူးမို့လား "

" ဟဲဟဲ... "

" လာလာ သွားမယ် ဆာနေရော့မယ် "

အနောက်ကို တစ်ချက်လေးတောင်မကြည့်သွားသူ၏ နောက်ကျောကိုကြည့်ကာ သုတတစ်ယောက် ဘယ်နှစ်ခေါက်ရှိပြီမှန်းမသိသော သက်ပြင်းတစ်ခုကိုချလိုက်မိသည်။

...

" နှုတ်ခမ်းက အရမ်းနာနေလား ၊ ပါးရော "

ကွက်လပ်Where stories live. Discover now