အခန်း ၁၆ အနာဂတ်မိခင်လောင်းနှင့် ဆုံတွေ့ခွင့်ရခြင်း

273 26 1
                                    

Unicode

" လာ လာထိုင် သားလေး.."

" ဟုတ်..အန်တီ "

" သားလေးက လူချောလေးပဲ "

" ကျေးဇူးပါဗျ "

" သားနာမည်က "

" သီထွဋ်ပါဗျ.."

" မောင်နှမ နှစ်ယောက်ထဲရှိတာလား "

" ဟုတ်တယ်ဗျ "

" သားက ဒီနှစ်မှ ကျောင်းပြီးတာလား "

" ဟုတ်တယ်ဗျ "

မေးသမျှကို အပိုအလိုမရှိ လိမ်လိမ်မာမာ ဖြေနေသော ကောင်လေးကို ကြည့်ပြီး ဒေါ်သင်းနွယ်ထွန်း ပို၍ နှစ်ခြိုက်သဘောကျသည့် ခံစားချက်ကို ရလေသည် ။

ခြောက်နှစ်..ခြောက်နှစ် အတွင်းမှာ သူမ၏ သားကို အသက်သွင်းသူမှာ ယောကျ်ားလေးတစ်ယောက်ပဲဖြစ်နေသည့်အတွက် အနည်းငယ် စိတ်ပျက်မိသော်လည်း ထိုကောင်လေးနှင့် စကားပြောကြည့်သည့်အခါ သူမသား
ဒီကောင်လေးကို အလေးထားတာ အံသြစရာမရှိပေ ။

တကယ် ဆုတောင်းကောင်းခဲ့တဲ့ ကလေးပဲ ၊ ဒီကလေးရဲ့ ရည်မွန်မှုတွေက သူမကို အမှန်ပင် နူးညံ့ပျော်ဝင်စေသည် ။ ရောက်နေတဲ့ရက်တွေအတွင်း အခွင့်အရေး မပေး၍ မျက်နှာချင်းဆိုင် စကားမပြောရသေးပေ ။ မောင်နှမ နှစ်ယောက်လုံးက ရည်မွန်ကြတာပဲ ။

" သားက မုံ့ကူးကပဲနော် "

" ဟုတ်တယ်ဗျ. "

" သား..မိဘတွေကို သိခွင့်ရှိမလား..အန်တီနှင့် သိနေမလားလို့ပါ "

" ဟုတ်..အဖေက ဦးထွန်းသီအောင်ပါ၊ အမေက ဒေါ်နွေးနွေးချိုပါ "

" ထွန်းသီအောင်..မဟုတ်မှ Thi ကုမ္ပဏီ  က.. "

" ဟုတ်ပါတယ်ဗျ "

" အဲ့တာကြောင့် သားကို ရင်းနှီးနေပါတယ်လို့..အန်တီက မင်းမိဘတွေနှင့်တော့ မရင်းနှီးဘူးကွယ်.. မင်းအဘွားနှင့်တော့ ရင်းနှီးတယ်ကွဲ့.. ဒါနဲ့.. သား အန်တီကို မမှတ်မိဘူးလား သားအမေဆုံးတုန်းက အန်တီလာသေးတယ်လေ "

ထိုနေ့က အဘွားမျက်နှာကြောင့် လူကုံထံတွေရော အသိမိတ်ဆွေတွေရော အများကြီးလာကြသော်လည်း အမေ့ကို ဆုံးရှုံးလိုက်ရသော ခံစားချက်ကြောင့် လူက အသိစိတ် သိပ်မကပ်ချေ ။ ထိုအန်တီကိုလည်း မမှတ်မိသည်မို့ သီထွဋ် ပြုံး၍သာ ခေါင်းခါပြရသည် ။

ကွက်လပ်Where stories live. Discover now