အခန်း ၉ လွမ်းဆွတ်ခြင်း

333 34 2
                                    

< Unicode >

သီထွဋ်သည် ထိုရွာသို့ရောက်ရှိနေသော သုံးရက်မြောက်နေ့ဖြစ်ကာ အလှူပွဲပြီးဆုံးသော အချိန် ညနေခင်းအခါသမယ ဖြစ်သည် ။ အစ်ကိုစံမင်း၏ အိမ်ရှေ့တွင်ရှိသော လေးထောင့်စားပွဲပတ်လည်ရှိ ထိုင်ခုံရှည်များတွင် စကားစမြည်ပြောဆိုကာဖြင့် လူငါးယောက်ထိုင်နေကြပေသည် ။ တစ်ခါတစ်ရံ ထိုစားပွဲဝိုင်း ဆီမှ ရယ်သံလွင်လွင်လေးများက ပျံ့လွင့်လာတတ်သည် ။ ထိုသာသာယာယာရှိလှသော စကားဝိုင်းကား ရွာသားတစ်ယောက်ကြောင့် ပျက်စီးသွားရတော့သည်။

" ခေါင်းမင်း ခေါင်းမင်း ဆရာမလေးရှိလားဗျ ဒီမှာ ကျွန်တော့်သား ပုလင်းကွဲရှလို့ လုပ်ပါဦးဗျာ "

ကလေးတစ်ယောက်ကို ချီပိုးကာဖြင့် ရွာသားကြီးတစ်ယောက်က အပူတပြင်းပြေးလာပေသည် ။ ကလေးငယ်မှာ တအီအီ အော်ဟစ်ငိုယိုနေပြီး အဖေဖြစ်သူမှာ စိုးရိမ်ပူပန်မှုများအပြည့်ပင် ။ သီသီမှာလည်း ဆရာဝန်ပီပီ စကားဝိုင်းမှ အမြန်ထကာဖြင့် ထိုကလေး၏ ဒဏ်ရာကို ကြည့်သည် ။ လက်မောင်းရင်းရှိ ပြတ်ရှရာမှာ တော်တော်ပင်နက်လျက်ရှိပြီး အသားစိုင်များကိုပင် မြင်ရသည် ။

" သီထွဋ် အိမ်ခန်းထဲမှာ ဆေးအိပ်သွားယူ ၊ ညီမလေး ရေနွေးကျစ်ကျစ်လေး ရချင်တယ် တအားမပူစေနဲ့ ၊ ဒီက အစ်ကို ကလေးကို အိမ်ပေါ်ထပ် ပရပ်ကို ပို့ပေးပါ "

သီသီသည် တာဝန်အသီးသီး ပေးပြီးသော် သူမကိုယ်တိုင်ကလည်း ထို သားအဖနဲ့အတူ လိုက်သွားရသည် ။
သူမတို့အပေါ်ရောက်တော့ သီထွဋ်သည်လည်း ဆေးအိပ်နှင့်အတူ အပြင်ပြန်ရောက်လာပေပြီ ။ မကြာလှသောအချိန်တွင် စုပုံချစ်လည်း ရောက်လာပြီဖြစ်၍ အနာကို အရင်ဆေးရသည် ။

" အာ မနာပါဘူး ပျောက်သွားမှာနော် တိတ် တိတ် "

ကလေးငယ်သည်ကား အပြုံးချိုချိုနဲ့ ဆရာဝန်မလှလှလေး၏ စကားသံလေးကို ကြားရင်ဖြင့် အငိုရပ်သွား၏ ။ သို့သော်ငြား ငိုမဲ့မဲ့မျက်နှာလေးနဲ့ သီသီအား ကြည့်ကာနေလေသည် ။ သီထွဋ်သည် အစ်မဘေးမှာနေ၍ လိုအပ်သည်တို့ကို လုပ်ကိုင်ပေးနေရန် အနားနေခဲ့ပြီး စုပုံချစ်ကတော့ အောက်ထပ်သို့ ပြန်ဆင်းသွားတော့သည် ။ ကလေးငယ်မကြောက်စေရန် အဖေဖြစ်သူကိုပါ အနားနေပေးခိုင်းရသည် ။ သီထွဋ် အစ်မဖြစ်သူ၏ သေသေသပ်သပ် စိတ်ပါလက်ပါဖြင့်
ကုသပေးသည်ကိုမြင်လျှင်ဖြင့် အစ်မဖြစ်သူအစား ဂုဏ်ယူဝံ့ကြားရတော့သည်။ ကလေးငယ် မကြောက်စေရန် အပြုံးလေးတွေစွန့်ကြဲကာဖြင့်
စကားချိုချိုတို့ကို ဆိုကာ ကလေးငယ်အား အာရုံလွှဲစေလေသည် ။ ငိုယိုချင်နေသော ထိုကလေးမှာ အစ်မဖြစ်သူ၏ စက်ကွင်းထဲ လုံးလုံးလျားလျားမိကာဖြင့် တစ်ခါတစ်ခါ အစ်မဖြစ်သူ၏ စကားကိုကောက်ကာ မေးခွန်းပြန်ထုတ်နေသေးတော့သည် ။
ထိုသို့ဖြင့် အနာဆေးပြီး ထုံစေးထိုးကာ ချုပ်ပေးပြီးနောက်မှာတော့ ထိုရွာကလူကြီးက ကျေးဇူးတင်စကားဆိုသည် ။

ကွက်လပ်Where stories live. Discover now