အခန်း ၁၄ ?

258 26 2
                                    

Zawgyi

အရှေ့ရပ်ရှိ နေသူရိန်သည် တဖြေးဖြေးမြင့်တက်လာသည်နှင့် အပူနှုန်းမှာလည်း မြင့်မားလာသည်။ ၈နာရီခွဲဆိုသော်ငြား ကြည်လင်နေသော ကောင်းကင်ပြင်ကြောင့် ပြင်းရှရှ အပူရှိန်သည် လူကို ချွေးတွေ ရွှဲစေသည့်အခါ မောဟိုက်သလို ဖြစ်လာရသည်မို့ သီထွဋ်သည် လမ်းပင် ကောင်းကောင်းမလျှောက်ချင်တော့ပေ။
ပိုဆိုးသည်က စာအုပ်တစ်ပွေ့ကြီးကို သယ်ပေးနေရခြင်း ။

" သီထွဋ် အဆင်ပြေရဲ့လား "

" မပြေဘူး "

" ဒါများ .. စောစောပြောပေါ့ ပေး..ဒီကို "

စာအုပ်ထုတ်တွေကို အစ်ကိုစံမင်းဆီက မရမက လုကာ လူသန်ကြီး လုပ်ချင်သော သီထွဋ်သည် နေပူရှိန်ကြောင့် ရှိသမျှ မာနလေးကို ခဝါချကာ အစ်ကိုစံမင်းအား ပြန်ပေးလိုက်ရသည် ။ သက်တောင့်သက်သာ ပုံစံလေးဖြင့် သီထွဋ်က လျှောက်လှမ်းနေလျက်ရှိပြီး ရွာစပ်ရှိ ယာကွက်များတွင် ပေါင်းထိုးနေကြသည့် လူများကိုလှမ်းကြည့်လိုက်ကာ စိတ်ထဲကနေ အမှတ်ပြည့်ချီးကျူးလျက်ရှိနေလေတော့သည် ။

" ကြည့်ဦး ချွေးတွေ ရွှဲနေပြီ "

" အဟဲ.. "

ရယ်ချင်သည့် မဟုတ်ပါပဲ ပါးစပ်ဖြဲ၍ အဟဲ လုပ်လိုက်ရသည် ။

ရှေ့က စကားတပြောပြောနှင့် သွားနေသော ဆရာမလေးနှင့် ဆရာဝန်မလေးတို့ကတော့ လွန်စွာမှ အေးဆေးစွာဖြင့် တည်တည်ငြိမ်ငြိမ် သွားလျက်ရှိသည်။ ကြည့်လိုက်သည်ဖြင့် ကျက်သရေရှိလှသော မိန်းကလေးနှစ်ဦးသည် စကားအသွားအလာမှာ မြော၍ ပတ်ဝန်းကျင်ကို မေ့နေမှန်းသိသာလှသည်။

သီထွဋ်မှာသာ အုပ်ပေါင်း ၆၀ စာအုပ်ထုတ်ကြီးကို ထမ်းလာရပြီး ရှေ့က မိန်းကလေး နှစ်ယောက်လို ထီးကလည်း မပါသဖြင့် ချွေးသီးသီးကျကာ အက်ျီလေးပင် ချွေးတွေ နစ်လျက်ရှိနေပြီဖြစ်သည်။

ကျောင်းနားရောက်ကာနီးမှ အလိုက်သိလေသော အစ်ကိုစံမင်းအားလည်း စိတ်တွင်းမှ အကြီးကြီး ဆုတောင်းပေးလိုက်သည်။

လူပျိုကြီးဖြစ်ပါစေ..

" အဟိုး..တိတ်ဆိတ်သွားပါလား..ပင်ပန်းသွားတယ်ပေါ့ "

ကွက်လပ်Where stories live. Discover now