အခန်း ၂၇ သိရှိသွားခြင်း

334 28 0
                                    

လင်းမဟော်၏ ပြန်ကျဆုံးစေရမည်ဟူသော ကြုံးဝါးစကားများသည်ကား
စံမင်း၏ ဥပေက္ခာပြုမှုများမှာ ပျောက်ဆုံးသွားရသည် ။ ပိုထူးဆန်းသည်က ကိုကိုသာမက သီထွဋ်ဆိုသည့်ကောင်လေးပါ  ကိုကို့ကို ကြိုက်နေပုံ ရသည် ။ မဟုတ်မှ တွဲနေကြပြီလား..။ တစ်ယောက်နှင့်တစ်ယောက် နူးနူးညံညံ့ အကြည့်ချင်း ဖလှယ်နေကြတာတွေက မဟုတ်မှ တွဲနေကြတာလား ။ လင်းမဟော် စဥ်းစားရင်း စဥ်းစားရင်း တဖြည်းဖြည်း နားလည်လာတော့သည် ။

လင်းမဟော်က လိုချင်တာကို တဖက်လှည့်နဲ့ ရအောင်ယူတတ်ပေမဲ့ မိမိ
သိက္ခာကိုတော့ အကျခံသည့်သူ မဟုတ်ပေ ။ သူမရရင်လည်း စွန့်ပစ်လိုက်ရုံသာ ။ ဘာမှ ထွေထွေထူးထူး ခံစားနေမည် မဟုတ်ပေ ။ သူက စံမင်းမြတ်နဲ့ပတ်သက်ပြီး မကျေနပ်ခဲ့ရုံသာ ။ သူလစ်လျူရှုရမည်သူက သူ့ကို လစ်လျူရှုသွားလို့ ခံရခက်ခဲ့ရုံသာ ။ သူ့အနေနှင့် စံမင်းမြတ်ကို အသေရရ အရှင်ရရ လိုချင်ခဲ့တာတော့ မဟုတ်ပေ ။

သို့သော်ငြား သူ့စိတ်တွင်းတွင် မကျေမချမ်း ဖြစ်နေမိသေးသည် ။ ထိုခံရခက်သော စိတ်ခံစားမှုကို မည်သို့ ဖြေဖျောက်ရမည်နည်း ။

သူဟာ နေ့စဥ်ရက်ဆက် ထိုနှစ်ယောက်၏ ကလူ၏သို့မြှူ၏သို့ ပုံစံတွေကို မြင်ရလေ ခံစားချက်တို့က ဆိုးလာလေပင် ။

နောက်ဆုံးမှာ သူ အတွေးတစ်ခုပေါ်လာ၏ ။

.....

တရွေ့ရွေ့ လျှောက်လာကြသော လူသားလေးယောက်ကို ကြည့်ကာ လင်းမဟော် နှုတ်ခမ်းတွန့်ရုံပြုံးလိုက်လေ၏ ။

ထိုလေးယောက်က သူ့အနားသို့ ရောက်လာသော အခါ လင်းမဟော်က ဦးစွာ နှုတ်ဆက်လိုက်လေသည် ။

" ကိုကိုတို့က ရောက်လာကြပြီလား "

" အင်း ကိုလင်းမဟော်လည်း အစောကြီး ရောက်နေတာပဲ "

" ဟုတ်တယ်ဗျ "

" ကဲ စုပုံချစ်တို့ကိုလည်း ပို့ပြီးပြီဆိုတော့ ပြန်တော့မယ် ကိုလင်းမဟော် ကျွန်တော်တို့ကို ခွင့်ပြုပါဦး "

" ဟုတ်ကဲ့ပါဗျ "

ထွက်ခွာသွားသော ကျောပြင်နှစ်ခုကို ကြည့်ကာ လင်းမဟော်တစ်ယောက် ခန့်မှန်းရခက်သော အပြုံးကို ပြုံးနေခဲ့သည် ။

ကွက်လပ်Where stories live. Discover now