အခန်း ၁၉ ရင်ဖွင့်ခြင်း

260 26 0
                                    

Unicode

အဖြေက တုန့်ဆိုင်းမနေသည်မို့ သီထွဋ် ကျေနပ်သွားသလိုပင် ။ သီထွဋ်က စိတ်အားထက်သန်စွာနဲ့ မေးလိုက်၏ ။

" ဘာလို့လဲ "

" သီထွဋ်လေးက ဘာလို့ သိချင်တာလဲ "

အစ်ကိုစံမင်း၏ စိတ်မကြည်မှုက လုံးဝ ပျောက်ကွယ်သွားပုံပေါ်ကာ သီထွဋ်အား ကျီစယ်သည့် အပြုံးနဲ့ မေးလာသည် ။ အခြေအနေက မြန်မြန်ပြောင်းလဲသွားသည့်အတွက် သီထွဋ်မှာ မျက်နှာရှုံလိုက်သည် ။

သူက လာနှစ်သိမ့်ပေမဲ့ အစ်ကိုစံမင်းက သူ့ကို ပြန်ပြီး လာစနေသေးသည် ။

" အဟား..ဟုတ်ပါပြီ ရုပ်လေးကိုလဲ ကြည့်ပါဦး "

စံမင်းက ပြောင်းလဲသွားသော ကောင်လေးမျက်နှာလေးကို ကြည့်ကာ သဘောကျစွာ ရယ်မောလိုက်ပြီး ခေါင်းလေးကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည် ။ ကောင်လေးက စနောက်ခံရ၍ မကျေနပ်သလို ခေါင်းကို ရှောင်ဖယ်လိုက်သည် ။

" ဘာလို့လဲဆိုတော့ ကိုယ်က သူ့ထက်ပိုချစ်ရမယ့်သူလေးကို ရှာတွေ့ထားလို့လေ "

" သြော်..  "

" ဒါနဲ့ သူက အစ်ကိုစံမင်းကို ငြင်းလိုက်တာလား "

" အင်း..ဟုတ်တယ် "

" ကျွန်တော်သာဆိုလည်း သေချာပေါက် ငြင်းမှာပဲ ရုတ်တရက်ကြီးဆိုတော့ ငြင်းမိမှာပဲ ..အစ်ကိုစံမင်း ဘာလို့ ဆက်ပြီး မကြိုးစားကြည့်ရတာလဲ "

" ကိုယ်က သူ့ရဲ့ ဖူးစာဖက် မဟုတ်လို့နေမယ် ပြီးတော့ ကိုယ်ကလည်းကြိုးစားကြည့်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး "

" ဟင် နားမလည်ဘူး "

" ကိုယ်က အဝေးကနေပဲ ကြည့်ခွင့်ရချင်ခဲ့တာ ဒီလိုချစ်ခြင်းက လုံးဝကို သဘာဝ တရားကြီးကို ဆန့်ကျင်နေပြီး ပတ်ဝန်းကျင်ကလည်း ရှုံချမယ်လေ ပြီးတော့ သူကလည်း လက်ခံမှာ မဟုတ်ဘူးဆိုတာ ကိုယ်သိတယ် ကိုယ်ကိုယ်တိုင်ကလည်း ပုံမှန်ထက်ပိုပြီး ခံစားနေရတယ်ဆိုပေမဲ့ သူနဲ့ ချစ်သူတွေဖြစ်ဖို့ထိတော့ မတွေးမိဘူး "

" ဆိုလိုတာက ဖွင့်မပြောခဲ့ဘူးလား "

" အင်း "

ကွက်လပ်Where stories live. Discover now