အခန်း ၁၇ သတိထားမိခြင်း

279 25 0
                                    

Unicode

" သွားပြီနော်သားလေး မင်း.အစ်ကိုစံမင်းကို ဂရုစိုက်ပေးလိုက်ပါဦး "

" ဟုတ်ကဲ့ဗျ "

" သွားပြီနော်.. စံမင်းမြတ် "

" မသိရင် သီထွဋ်ကို သားအရင်းလို့ထင်ကြတော့မှာပဲ ကြီးငယ်ရာ "

သုတက အဒေါ်ဖြစ်သူ ဒေါ်သင်းနွယ်ထွန်းကို စနောက်သည် ။ ထိုစကားကို ကြားသည်နဲ့ ကျန်လူများက သဘောတကျ ဝိုင်းရယ်ကြလေသည် ။

" ဟဲ့.. လဲလို့ရရင် လဲလိုက်ပြီးပြီသိလား "

ဒေါ်သင်းနွယ်ထွန်းကလည်း သဘောတကျပြန်ချေပလေသည် ။ ဤမျှလောက်ချစ်စရာကောင်းသော ကလေးလိုမျိုး သူမက နောက်တစ်ယောက် မွေးရင်တောင် ရနိုင်မည် မထင်ပေ ။ သို့သော်လည်း ဒီကောင်လေးက နောင်တစ်ချိန်မှာ သူမရဲ့ ဒုတိယသားလေးဖြစ်လာနိုင်သည်ပဲလေ ။ သူမက သူမအတွေးကို သဘောကျသွားကာ မျက်နှာရှိ အပြုံးမှာ ပို၍ပင် ဝင့်ထည်လာသလိုပင် ။

စံမင်းကတော့ ရင်ထဲမှာ ကျေနပ်ပီတိဖြစ်ကာ ပန်းပေါင်းစုံပွင့်ကာနေသည် ။
သူလုံးဝမမျှော်လင့်ထားပဲ သူ့အမေက သီထွဋ်ကို ဂရုတစိုက် အလေးထားလေသည်မို့ သူပျော်ရွှင်နေသည်မှာ ဖြစ်သင့်သည် ။ သူကိုယ်တိုင်ကလည်း ထိုကောင်လေးကို ခံစားချက်တွေပိုနေသည်မှာ သေချာနေလေသည်မို့ နှလုံးသားငယ်လေးဆီက တုံ့ပြန် မေတ္တာလေးရဖို့ သူမည်သို့ကြိုးစားရလေမည်နည်း ။ ရခဲ့ဖူးသော ဒဏ်ရာဟောင်းကလည်း ရှိနေသေးသည် ၊ ဒီတစ်ကြိမ်တော့ သူကံကောင်းချင်ပါသည် ၊ ထိုကောင်လေးကို တစ်သက်လုံးအတွက် ဘေးနားမှာ ထားချင်လှသည် ။ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လူတစ်ယောက်ကို တစ်ဘဝလုံးအတွက် ပိုင်ဆိုင်ချင်ခဲ့ခြင်းဖြစ်သည် ။ သူကိုယ်တိုင် သတိမထားမိခင်လေးမှာပဲ သူဟာ ထိုကောင်လေးရဲ့ အရာရာကို ပိုင်စိုးချင်စိတ်ရှိနေခဲ့ပြီးပြီဖြစ်သည် ။ သူသိလိုက်ရချိန်မှာ ထိုအရာက အတွင်းထဲထိ နက်ရှိုင်းစွာ ထိုးဖောက်ပြီးနေပြီဖြစ်သည် ။ စတွေ့ကတည်းကလား ၊ ဘယ်အချိန်ကလဲ မသေချာပေမဲ့ အခုချိန်မှာ သူ ထိုကောင်လေးအပေါ် ချစ်နေမိတာတော့ အမှန်တရားပင်ဖြစ်နေသည် ။

ကွက်လပ်Where stories live. Discover now