အခန်း ၁၀ စကားနားမထောင်သော အဆိုးလေး

340 32 3
                                    

< Unicode >

" လုပ်ပါ အစ်ကိုစံမင်းကလည်း ဒီနေ့တစ်ရက်ထဲပါ ကျွန်တော် မရောက်ဖူးလို့ပါ၊ အရင်ရက်တွေကလည်း မလိုက်ရဘူး၊  ကျွန်တော် ဘာမှ အနှောင့်အယှက်မပေးပါဘူး ဒီတိုင်းလေးပဲ လိုက်ကြည့်မှာပါဗျ "

တောထဲလိုက်ချင်၍ ဂျီကျနေသော သီထွဋ် ။ မခေါ်ချင်၍ မဟုတ်သော်ငြား
သူက အလုပ်သွားမှာလေ ၊ တောလမ်းက ကြမ်းပါဘိနဲ့ ၊ ထိုကောင်လေးက နုနုဖတ်ဖတ်နဲ့ တစ်ခုခုဆို သူပဲ အရင်ဆုံးစိတ်ပူရမှာ ။ အနှောင့်အယှက်မပေးဘူးဆိုတာ သိပေမဲ့ ဘေးအန္တာရယ် ဆိုတာက ကြိုမြင်ရတာမျိုးမဟုတ်လေဘူး ။ ခုလည်း နိုးကတည်းက တကျီကျီဖြင့် လုပ်နေသော ထိုကောင်လေးက ထိုသို့ ဂျီကျတတ်မယ်လို့ တကယ်မထင်ထားမိခြင်း ၊ လူကို အရမ်း ဒုက္ခပေးသည့်ကောင်လေး ။

တိတ်ဆိတ်နေပြီး သူပြောနေသည့်စကားကို အဖက်မလုပ်သည်မို့ သီထွဋ်
စိတ်ကတိုလာချင်သည် ။ မရောက်ဖူးလို့ တစ်ခါပဲ ခေါ်ပါဆိုသည်ကို သေရွာကို ခေါ်သွားရမည့်သူလိုလိုနဲ့ ၊ ဘာဖြစ်လဲ ခဏပဲကို သူလည်း အဲ့ဒီမှာ အကြာကြီးနေတာမှမဟုတ်ပဲ ၊ တစ်နေကုန်တစ်နေခမ်း အလုပ်လုပ်နေရလို့ဆိုလည်း ထားပါတော့ ခုတော့ လူကို သက်သက်မခေါ်ချင်တာပင် ။

သူ မခေါ်ချင်လည်း နေပေါ့ တစ်ခြားသူနဲ့ သွားရင် ရတာပဲ

သီထွဋ်တစ်ယောက် သူများနားပူအောင်လုပ်မနေတော့ပဲ စိတ်ပေါက်ပေါက်နဲ့  အောက်ထပ်သာ ဆင်းသွားတော့သည် ။

စံမင်းသည် ငြိမ်သွားပါတယ်ဆိုပြီး လှည့်ကြည့်တော့ ကောင်လေးက မရှိတော့ပေ ။ အရင်နေ့တွေက အိမ်ပြင်မရောက်မချင်း ခေါ်ဖို့တတွတ်တွတ်ဆိုနေသူက ဒီနေ့တွင်တော့ လက်လျှော့လိုက်ပုံပေါ်သည် ။
ကောင်လေး စိတ်ပျော်စေဖို့ အပြန်မှပဲ ငါးကင်ကျွေးလိုက်တော့မယ် ၊ ကြိုက်တန်နိုင်ကောင်းပါရဲ့ ။

သီထွဋ်မှာ သူစိတ်ဆိုးသွားသည် အထင်နဲ့ သနားစိတ်ဝင်ကာ ချော့ချော့မော့မော့နှင့်ခေါ်လေမလား အောက်မေ့ပါတယ် ။ ပခုံးကို ပုတ်ကာ
' စောစောပြန်လာမယ် ' ဆိုသည့်စကားတစ်ခွန်းသာ ရရှိလိုက်သည် ။ အစ်မဖြစ်သူနှင့် ကျန်တဲ့သူတွေကတော့ သီထွဋ်ကို နှစ်သိမ့်ပါရဲ့ ။

ကွက်လပ်Where stories live. Discover now