အခန်း ၂၀ ရှက်နေသော သီထွဋ်လေး

272 26 0
                                    

<Unicode>

" ကဲ ဒါက အသစ်ရောက်လာတဲ့ ဆရာဝန်ပေါက်စလေးပဲ ဒီမှာသုံးလ လောက် ကွင်းဆင်းလုပ်အားပေးမယ် "

" ကျွန်တော် လင်းမဟော်ပါဗျ ကျွန်တော်က ခုမှ အလုပ်စဝင်တာမို့ ကူညီပေးကြပါဦး "

" အစ်ကိုက ဒေါက်တာလင်းနေပါ "

" အန်တီက ဒေါ်ကြည်မေပါ "

" အစ်မက ဒေါက်တာ မေသီသီအောင်ပါ "

" နှင်းလေး ပါရှင့် "

" ပြည့်ပြည့်မောင်ပါ "

" စံပယ်ဖြူပါရှင့် "

နာ့စ်မလေးသုံးယောက်ကတော့ နှုတ်ဆက်ပြီး ဆရာဝန်လူချောလေးကို ကြည့်ကာ ပြုံးစိပြုံးစိဖြစ်ကာနေကြသည် ။ မြို့ပေါ်မရောက်ပဲ ဒီရွာမှာပဲ သောင်တင်နေသည်မို့ လူချောလေးတွေကို တွေ့ရခဲသည် ။ သို့သော်ငြား ထိုဆရာဝန်လေးက ချောပေမဲ့ မိန်းကလေး နည်းနည်းဆန်သည် ။

သူတို့တွေးရင်းနှင့်မှ ခေါင်းမင်းနှင့် အတူတူတွဲမြင်ရတတ်သော ကလေးလေးကို သတိရသွားကြပြန်သည် ။
ထိုကလေးလေးက မာနကြီးပုံပေါ်ပေမဲ့
စကားပြောကြည့်တော့ သိပ်ချစ်စရာ ကောင်းတာပဲ ။

ဟင်း..အခုတလော ရွာကို ချောချောလှလှလေးတွေ ရောက်လာကြတာပဲ..

သီသီကတော့ သူတို့သုံးယောက်ကို ကြည့်ကာ စိတ်ထဲ ခေါင်းရမ်းရင်း ပြုံးသည် ။ သူမထက် တစ်နှစ်လောက်သာ ငယ်ကြပေမဲ့ တကယ့်ကို မနူးမနပ်လေးတွေလိုပဲ ။ ချောချောလေးတွေတွေ့ရင် ပေါ်တင်ငမ်းကြသေးသည် ။
သို့ပေမဲ့ သူတို့လေးတွေဟာ အလုပ်လုပ်ရင်တော့ စေ့စပ်သေချာမှု ရှိကြတယ် ။

" ကဲ မောင်လင်းမဟော်တို့ အခုတော့ ဒီ အဆောင်သေးလေးပဲ သုံးရဦးမှာပဲ နောက်လဆိုရင်တော့ ဆေးရုံကြီးက အပြီးသတ်ပြီး သုံးလို့ရပြီ ဒါကြောင့် အခုတော့ အဆင်ပြေသလိုလေး နေပေးပါဦး "

" ဟုတ်ကဲ့ ရပါတယ်ဗျ "

ဆေးရုံအုပ်ဖြစ်သော ဒေါက်တာအုန်းမောင်က အားလုံးကို မိတ်ဆက်ပေးပြီးနောက် တာဝန်ကိုယ်စီနဲ့ နေရာယူကြရပြန်သည် ။ ရွာလေးပေမဲ့ အိမ်ခြေ ထောင့်ငါးရာကျော်ရှိပြီး ကားလမ်းရော ရထားလမ်းပါ ပေါက်သဖြင့် ရွာစည်သည် ။ အနီးနားက ရွာတွေရဲ့ အဓိက အားထားရာ ရွာကြီးလည်းဖြစ်သည် ။ ဆေးရုံကြီးကို ဆောက်လုပ်လှူဒါန်းသူက ရွာဦး ဘုန်းကြီးကျောင်းက ဆရာတော်ဖြစ်ပြီး အခုတော့ မြို့ပေါ်မှာ ကျောင်းထိုင်နေသည်ဟုဆိုသည် ။  တဖြည်းဖြည်း တိုးတက်လာနေသော ရွာကြီးဖြစ်ကာ ရွာသူရွာသားများကလည်း အလွန်မှပင် ဖော်ရွေကြသည် ။

ကွက်လပ်Where stories live. Discover now