အခန်း ၁၃ ?

289 27 1
                                    

Unicode

တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာသည့်နောက်တွင် သီထွဋ်တို့ မောင်နှမသည်လည်း ထိုမိသားစုနှင့် အတော်လေး ရင်းနှီးလာခဲ့ပြီဖြစ်သည် ။ ရင်းနှီးလာသည်နှင့်အမျှ သီထွဋ်၏ ကလိမ်ကကျစ်ဉာဉ်လေးနှင့် စံမင်းကို အနိုင်ယူခြင်းမှာလည်း ပို၍ ဆိုးရွားလာခဲ့သည်ဟု ထင်မိသည်။

" သီထွဋ် ရွာထဲ လမ်းလျှောက်သွားမယ် .. လိုက်မှာမလား "

" လိုက်မှာပေါ့ ခဏ ခဏ သားလေး ယူချေဦးမယ် "

ခြေလှမ်းကျဲတွေ ဖြင့်ပြေးတက်သွားသော သီထွဋ်ကို ကြည့်ကာ စံမင်း ပြုံးလိုက်သည် ။

ရင့်ကျက်သလိုနှင့် မရင့်ကျက်သေးဘူးပဲ

နေဝင်ချိန်ကို အမှတ်တရသိမ်းထားချင်သူလေးက ယခုတစ်ခေါက်တွင်တော့ ကင်မရာကို မမေ့မလျော့ သွားယူပေတော့သည်။

ကင်မရာလေးလွယ်ကာ ပြေးဆင်းလာသော ကောင်လေးက လှေကားထစ်တွင် ခြေချော်မလိုဖြစ်သွား၍ စံမင်းထိတ်ကနဲ ။ မျက်ဝန်းလေးတွေ မှေးမှိတ်သည်ထိ ပြုံးရယ်ပြလိုက်မှ စိတ်သက်သာရာ ရသွားရသည်။ ကောင်လေးက ခပ်ရွှတ်ရွှတ် လှမ်းနောက်နေသေးသည်။

" အဟဲ အစ်ကိုစံမင်း လန့်သွားတယ်မို့လား "

" အမြဲ နမော်နမဲ့နှင့် "

" အဟီး "

မမတို့က မစုပုံချစ်တို့နှင့် ပါသွားပြီဖြစ်ပြီး ကိုသုတကလည်း တစ်ဖက်ရွာ သွားသည်မို့ ဒီနေ့တွင်တော့ အစ်ကိုစံမင်းနှင့် နှစ်ယောက်ထဲသာ လမ်းလျှောက်ရပေတော့မည် ။

" အစ်ကိုစံမင်း ရွှေခဲစီ ဝင်ဦးမယ်နော် "

" အင်း "

" အဲ့ဒီကောင် အခုထိ ကျွန်တော့်ကို မခေါ်တတ်သေးဘူး "

" ခေါင်းမင်း လာပြီ ခေါင်းမင်း လာပြီ "

" ကြီးလေး ကြီးလေး.. ခေါင်းမင်း လာတယ် ခေါင်းမင်း လာတယ် "

ခြံထဲဝင်လိုက်သည်နှင့် ကြားလိုက်ရသည်က ရွှေခဲ၏ စကားသံ မပီမသ ။
သီထွဋ်သည် အိမ်ရှေ့ ပရပ်ရှိ လှောင်အိမ်ထဲမှ ငှက်လေးနားသွားကာ သူ့နာမည်ခေါ်မလား စောင့်နေလိုက်သည်။

ကွက်လပ်Where stories live. Discover now