အခန်း ၂၈ အဆုံးသတ်

803 34 2
                                    

၂၀၀၂ခုနှစ် အောက်တိုဘာ ၂၁ရက်

" ဟိုဘက်နားလေးရော ထွန်း.. ၊ ခြံတိုင်မှာ အများကြီးမထွန်းနဲ့လေ အာ..အိမ်နောက်မှာရော ထွန်းရဦးမှာ.. ရှေ့မှာပဲ ထွန်းမနေကြနဲ့လေ ချန်ထားကြဦး "

သုတတစ်ယောက် အသံကျယ်ကြီးနဲ့ အော်ဟစ်သောင်းကျန်နေတော့သည် ။
အိမ်အနီးနားတစ်ဝိုက်တွင်တော့ သူ့အသံချည်းသား ။

ဆီမီးခွက်လေးတွေထဲ ရေနံဆီထည့်ထားပြီး ဝါဂွမ်းစလေးပါ နှစ်ထားပြီး မီးညှိထားသည် ။ ဆီမီးခွက်များနှင့် ဖယောင်းတိုင်များကို ထွန်းထားသဖြင့် အစ်ကိုစံမင်းတို့၏ ခြံဝင်းကျယ်ကြီးက မီးရောင်ဖြင့် ထိန်ထိန်ညီးလျက်ရှိသည် ။

" သီထွဋ်လေး ဘုရားကို လိုက်ပို့ပေးရဦးမလား "

" အစ်ကိုစံမင်းက သွားချင်လို့လား "

" တစ်ရွာလုံးက သွားကြမှာပဲလေ ပြီးရင် ၁၀နာရီလောက်ကျရင် မီးပုံးလွှတ်ကြမှာ သီထွဋ်လေး ကြည့်ချင်ရင် လိုက်ပို့ပေးမယ်လေ "

" သွားမယ်လေ "

" ဟိုနှစ်ယောက် ကလူမနေနဲ့ သွား. ခြံနောက်မှ သွားထွန်းကြ "

" ဘယ်သူတွေက ကလူနေလို့လဲ "

" ညီလေးတို့နှစ်ယောက်လေ "

" ကိုသုတက မနာလိုနေတာမို့လား အားကျနေရင် မခင်လေးဆီ သွားလေ "

" သြော..မခေပါလား ညီလေးက ၊ သွားမှာပါကွာ အတင်းကို လွှတ်နေတော့တာပဲ "

" သုတ "

" ဟုတ် ကိုကို "

" မစနဲ့တော့ "

" အင်း..အင်း အစတောင် မခံတော့ဘူးနော်..ဟွန့် "

မကျေမချမ်းရေရွတ်ကာ မောင်ပုနား ကပ်ကာ သွားတော့သည် ။

...

" ကိုလေးက သိပ်ဆိုးတာပဲ မောင်လေးသီထွဋ်ကို လိုက်လိုက်စနေတော့တာပဲ "

" ဒါပေမဲ့ သူ့ကြောင့် အိမ်ပျော်နေရတယ်မို့လား "

" ဒါတော့ ဟုတ်တယ်မမ သူနဲ့နေရင် လုံးဝမပျင်းရဘူးနော်.. တစ်ယောက်မဟုတ် တစ်ယောက် လိုက်လိုက်စနေတော့တာ တစ်ရွာလုံးမှာ သူမစရဲတာ ကိုကိုပဲ ရှိတယ် "

ကွက်လပ်Where stories live. Discover now