Ep(1)💛

4.9K 302 66
                                    

"ဘေဘီရေ ဘေဘီ

ကားသံကြားပြီးမကြာခင်မှာပဲ ထုံးစံမပျက် ကြားနေကျအသံလေးထွက်ပေါ်လာတော့ ဂျင်းဟင်းချက်နေရင်း ပြုံးမိသည် ခြေသံသဲ့သဲ့ကို ကြားနေရတာကြောင့် အနားရောက်လာပြီမှန်းသိလိုက်ပြီးမကြာခင်မှာပဲ ဂျင်းခါးလေးပေါ် ကျရောက်လာတဲ့ နူးညံ့သော လက်လေးတစ်စုံ..

L''ဘေဘီကွာ ကိုယ်ခေါ်နေတာကို

J''ဘေဘီရှိမှန်းသိရက်နဲ့

L''ဘာလဲ ဘေဘီကကိုယ့်ကိုငြိုငြင်တယ်ပေါ့လေ မချစ်တော့ဘူးပေါ့ဟုတ်လား

J''လီလီရယ်ဘေဘီဘယ်လောက်ချစ်မှန်းသိရက်နဲ့ မချစ်တော့စရာလားလို့

L''ကိုယ်ကအသံလေးကြားချင်လို့ကို

J''ဟုတ်ပါပြီ လီလီရယ် မောလာလား

L''အင်း ဒီနေ့အလုပ်ကပင်ပန်းတယ်လေ

J''ဟုတ်လား ရေလေးသောက်အုံး

ဂျင်းပေးလာသည့် ရေတစ်ခွက်ကိုယူပြီးသောက်လိုက်တော့ မောပန်းလာသည်တို့ အဝေးကိုလွင့်စင်သွားခဲ့ရပြီ..

L''အမောကိုပြေသွားတာပဲ ဘာဟင်းလဲဘေဘီ

J''လီလီ့အကြိုက် ပုစွန်လေ

L''ချစ်တာ အာ့တွေကြောင့်

J''ဟုတ်လား အဲ့ဒါကြောင့်ပေါ့လေ

L''ဟုတ်ဘူး ဒီတိုင်းလည်းချစ်တယ်

J''ဟုတ် လီလီရေသွားချိုးတော့လေ ​ဘေဘီ
ညစာပြင်ထားမယ်နော်

L''ဟုတ်ကဲ့ ကိုယ့်ကိုအာဘွားပေးပါအုံး

ပါးလေးကိုရှေ့တိုးပေးလာသောလီလီ ဂျင်းလီလီ့ပါးလေးကို ဖွဖွအနမ်းလေးပေးလိုက်တော့ လီလီကပြုံးပြီး

L''ကိုယ်သွားပြီ

လှေကားထစ်တွေပေါ် ပြေးတက်သွားသော လီလီ့ကျောပြင်ကိုကြည့်ပြီး ဂျင်းရင်ထဲကြည်နူးမိသည် ချစ်ရသူနဲ့နှစ်ယောက်အတူရှိနေရခြင်းဟာ ပျော်စရာအလွန်ကောင်းလွန်းလှသည် ဂျင်းနဲ့လီလီ လက်ထပ်ပြီးတာအခုဆိုတစ်နှစ်ကျော်လာခဲ့ပြီလေ နေ့စဥ်နေ့တိုင်း စိတ်ချမ်းသာစွာနဲ့ကျော်ဖြတ်လာခဲ့ကြတာလည်း တစ်နှစ်ကျော်ဆိုတဲ့ အချိန်ကိုရောက်လာခဲ့ပြီပေါ့....

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now