Ep(3)

2.9K 245 68
                                    

အတွေးတို့လွန်နေရင်း လျှောက်လာခဲ့တာဘေးအိမ်ကိုကျော်သွားပြီဖြစ်မှန်း အချိန်အတော်ကြာမှ သတိရမိတော့သည် ချယ်ကိုယ့်ကိုယ်ကိုယ် သဘောတကျတစ်ချက်ရယ်လိုက်ရင်း နောက်ပြန်လှည့်ကာ ပြန်လျှောက်လာရတော့သည်

"ဒေါက် ဒေါက် အိမ်ရှင်တို့

"အော် ချယ်ယောင်းပါလား လက်ထဲမှာလည်းချိုင့်နဲ့ မုန့်လာပို့တာလား

C''ဟုတ် အန်တီ suzyရော

"ရှိပါ့ သမီးရေချယ်ယောင်းရောက်နေတယ် လာပါအုံး

S''လာပြီ လာပြီ

ကို့ရို့ကားယားဝတ်စုံကို မသပ်မရပ်ဝတ်ဆင်ထားပြီး အူယားဖားယားပြေးထွက်လာသော သူငယ်ချင်းဖြစ်သူကြောင့် ချယ်ပြုံးလိုက်ကာ

C''ရိုးရာမပျက် စုတ်ပြတ်နေတာပဲနော်

S''မသာ ငါကနင့်လိုမှအပြင်လျှောက်မသွားရတာ

C''အမလေးဟယ် ခဏနေအပြင်သွားရအောင် ပြင်ထားကြားလား ငါလာခေါ်မယ်

S''အိုကေ မုန့်လုပ်စားတာလား

C''အင်း အမေလေမုန့်လုပ်စားလို့ ငါဘေးအိမ်တွေလိုက်ပို့ပြီးရင် နင့်ကိုလာခေါ်မယ်ကြားလား

S''အေးပါ စိတ်ချ

C''ပြောတာပဲ ငါစောင့်ရကြည့်နင်သေဖို့သာပြင်ထား

S''ကြောက်လိုက်တာရှင် ကဲစိတ်ချပါ

"ရော့ သမီးချိုင့် ကျေးဇူးတင်တယ်လို့ မေမေ့ကိုပြောပေးအုံးနော်

C''ဟုတ် အန်တီ သမီးသွားပြီနော်

နှုတ်ဆက်ပြီး အိမ်ကိုပြန်လာခဲ့ကာ အိမ်နားပတ်ဝန်းကျင်ကို မုန့်များလိုက်ပို့လိုက်သည် ပြီးအပြင်သွားဖို့အနည်းငယ် ပြင်ဆင်လိုက်ကာ တစ်ဖက်ခြံဆီ ကူးလာခဲ့လိုက်သည်

C''ဟေ့ suzyရေ ပြီးပြီလား

S''ပြီးတော့မယ် အခန်းထဲလာခဲ့လေ

အခန်းထဲမှ အသံကျယ်ကြီးဖြင့် ပြန်အော်ပြောနေတာကြောင့် ပြင်ဆင်လို့မပြီးသေးမှန်း
သိလိုက်သည်မို့ ခေါင်းကိုခါကာ အခန်းထဲဝင်လာခဲ့လိုက်သည်နှင့် ရှုပ်ပွနေသော အခန်းကဆီးကြိုနေတာမို့ သက်ပြင်းချလိုက်ပြီး ကုတင်ပေါ်မှလွတ်နေသောနေရာလေးပေါ် ဝင်ထိုင်လိုက်တော့သည်..




Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now