Ep(12)

2K 218 51
                                    

ရုပ်ရှင်ရုံကထွက်လာပြီးချိန်မှာတော့ ပြုံးစိစိဖြစ်နေသောလီလီ့ပုံကြောင့် ချယ်မျက်စောင်းထိုးလိုက်ပြီး

C''ဘာဖြစ်နေတာလဲ အဲ့ဒါ

Li''ဘာဖြစ်လို့ ဖြစ်ပါဘူး

C''လီလီနော် အာ့ဆိုဘာလို့ရယ်နေတာလဲလို့

Li''ရယ်တာမဟုတ်ပါဘူး ပြုံးတာ

C'''အတူတူပဲ

Li''မတူပါဘူး

C''အင်းပါ အာ့ရုပ်ကိုပြင်ထားနော် အမြင်ကတ်ဖို့ကောင်းလိုက်တာ

ပြောပြီးချယ်ကလီလီ့လက်ကိုဖြုတ်ကာ အရှေ့ကသွားတော့ လီလီလည်းနောက်ကနေလိုက်ပြီး ရှက်သွားသောကောင်မလေးရဲ့လက်ကိုဆုပ်ကိုင်လိုက်ကာ

Li''ဒီလိုမှန်းသိ မုန့်တွေဒီလောက်ဝယ်မလာပါဘူး စားလည်းမစားနိုင်ပဲ

C''စားချိန်မှမရတာ

Li''ရုပ်ရှင်ကနှစ်နာရီတောင်ကိုနော် ချယ်ဘာလို့ပေါက်ပေါက်လေးတစ်ဘူးတောင်မကုန်တာလဲ

မေးစေ့ကိုလက်လေးနဲ့ကိုင်ပြီး စဥ်းစားဟန်ပြုနေသောလီလီ့ကိုချယ်တစ်ကယ်အမြင်ကပ်လာပြီလေ

C''လီလီ့ကြောင့်လေ

Li''ကိုယ့်ကြောင့် ကိုယ်ကဘာလုပ်လို့လဲ

C''လီလီပဲ...တော်ပြီဟာမပြောနဲ့တော့အဲ့အကြောင်း

ပါးဖောင်းဖောင်းလေးက ရှက်သွေးဖြာနေလို့ထင်ပါရဲ့ အနည်းငယ်ရဲတက်လာပြီမို့

Li''မစတော့ဘူး ဟီး လာဘယ်သွားကြမလဲ

C''ဘယ်မှမသွားဘူး အိမ်ပဲပြန်မယ် နောက်ခါလီလီနဲ့ရုပ်ရှင်မကြည့်တော့ဘူး

Li''အာဟာ ရမလား

C''ရတယ်

Li''မရပါဘူး

C''ရပါတယ်ဆိုနေ လီလီနော်

Li''ချယ်နော်

C''တော်တော့ စိတ်ဆိုးလိုက်တော့မယ်

Li''စိတ်တော့မဆိုးလိုက်ပါနဲ့ဗျာ မစတော့ဘူးနော် ဟုတ်ပြီလား

C''ပြီးရော

လီလီ့လက်မောင်းကိုချယ်ကတစ်ဖန်ပြန်တွဲလာပြန်သည် စက်လှေကားဖြင့်အောက်ထပ်ကို ဆင်းလာတုန်းမှာပဲ

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now