Ep(11)

2K 224 46
                                    

ချယ်နေရာမှာထိုင်ပြီး ဆူဇီနှင့်ပြောခဲ့သည်များကို ပြန်တွေးနေမိသည် ဖွင့်ပြောမယ်လို့သာပြောလိုက်တာ ဘယ်လိုပြောရပါ့မလဲ လက်ထဲကဖုန်းလေးကို ချလိုက် ပြန်ကိုင်လိုက်နှင့်ချယ်တစ်ယောက် အလုပ်ရှုပ်နေမိတော့သည် နောက်ဆုံးတော့ခေါ်လိုက်မယ်ဟု စိတ်ကိုပိုင်းဖြတ်လိုက်ပြီး လက်ကနှိပ်ဖို့ပြင်လိုက်ချိန်မှာပဲ ကားသံကြားရတာကြောင့် ချယ်ကြည့်လိုက်တော့ ချစ်ရပါသောလီလီ

C''လီလီ

Li''အင်း အံ့သြသွားတာလား ဘာဖြစ်လို့

C''မဟုတ်ပါဘူး လာလေလီလီ

လီလီကချယ့်ဘေးမှာဝင်ထိုင်ပြီး

L''ချယ့်ခြေထောက်သက်သာလား

C''အင်း သက်သာပါတယ်လီလီရဲ့

L''ကိုယ်နဲ့အပြင်လိုက်ခဲ့ပေးလို့ရမလား ကိုယ်ချယ့်ကိုပြောစရာရှိလို့ပါ

C''အင်း လိုက်ခဲ့မယ်လေလီလီ

လီလီ့မျက်နှာက အရင်ကထက်တည်ငြိမ်နေသည် ပြီးမျက်နှာသိပ်မကောင်းဟုလည်း ချယ်ထင်မိသည်မို့ ချယ့်စိတ်ထဲစိုးရိမ်သွားရတော့သည်

L''ဒါဆို သွားရအောင်လေ

လီလီကချယ့်ကိုတွဲပြီး ကားဆီခေါ်သွားခဲ့သည် ကားလေးကနေရာမှမောင်းထွက်လာပြီးချိန်မှစ၍ လီလီ့ဆီမှဘာစကားမှထပ်ထွက်မလာခဲ့

C''လီလီ တစ်ခုခုဖြစ်လို့လား

L''မဖြစ်ပါဘူးချယ်ရဲ့

C''အင်း ခုဘယ်သွားမှာလဲ

L''ကိုယ်ချယ်နဲ့နှစ်ယောက်ထဲအေးဆေးပြောစရာရှိလို့ပါ ဘယ်နားသွားရမလဲ

C''အင်း ကော်ဖီဆိုင်တစ်ဆိုင်ရှိတယ် လူအရမ်းရှင်းပြီးတိတ်ဆိတ်တယ်လေ

L''အင်း ကိုယ့်ကိုလမ်းညွှန်ပေးလေ အဲ့ပဲသွားကြတာပေါ့

C''အင်း ဟိုဘက်လမ်းကွေ့လိုက်လီလီ

ချယ်ပြောသည့်အတိုင်းပဲ လီလီမောင်းလာခဲ့လိုက်ပြီး ချယ်ပြောသည့်ကော်ဖီဆိုင်လေးရှေ့ရောက်လာခဲ့တော့ ကားကိုရပ်ကာ ချယ်နဲ့
နှစ်ယောက်ဆိုင်ထဲဝင်လာခဲ့လိုက်သည်

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now