Ep(9)

1.9K 218 34
                                    

ကားတံခါးပွင့်ပြီးဆင်းလာသည်က လှပသောမိန်းကလေးတစ်ယောက်

"ကျွန်မတောင်းပန်ပါတယ် ခေါင်းကမိုက်ခနဲဖြစ်သွားလို့ အရှိန်များသွားတာပါ တောင်းပန်ပါတယ်နော်

Li''ခင်ဗျားတောင်းပန်တာနောက် ဟိုမှာထိခိုက်သွားပြီဗျ

ဒေါသထွက်နေတာမို့ လီလီ့အသံကမာထန်နေခဲ့သည် ဘေးနားလူတွေကလည်း ဘာဖြစ်တာလဲဆိုပြီး ကြည့်နေကြသည်

"ကျွန်မတောင်းပန် ဟင် ချယ်

အခုမှထိုမိန်းကလေးက လီလီ့နောက်မှချယ့်ကိုမြင်သွားသည်ထင် နေရာမှာထိုင်နေသေးတဲ့ချယ့်အနားအပြေးသွားပြီး

"ချယ်နင်ဘာဖြစ်သွားတာလဲ

C''အမIU

I''အင်း ငါပါ နာသွားလား ဆောရီးဟာ ငါခေါင်းမိုက်ခနဲဖြစ်သွားလို့ ထိုးရပ်လိုက်ပေမယ့် အရှိန်လွန်သွားတယ်

C''အင်းပါ လီလီချယ့်ကိုလာထူပေးပါအုံး

ချယ့်စကားကြောင့် လီလီနေရာမှချယ့်အနားသွားပြီးချယ့်အနားထိုင်လိုက်ကာ ချယ့်လက်မောင်းကို လီလီ့ပခုံးပေါ်တင်စေပြီး ထစေလိုက်သည်

Li''အဆင်ပြေရဲ့လား လီလီပွေ့ရမလား

C''ဟုတ်

အမှန်တော့ချယ့်ခြေထောက်က အရမ်းမဆိုး နာနေတယ်ဆိုရုံသာ ဒါမယ့်လီလီပွေ့တာခံချင်နေတာမို့ ပွေ့ခိုင်းခြင်းသာ ..




လီလီချယ့်ကိုယ်လေးကိုပွေ့ပြီး ကားဆီခေါ်သွားလိုက်သည်

Li''ဟိုတစ်ယောက် ရပ်ကြည့်နေမှာလား တံခါးလာဖွင့်ပေး သူ့ကြောင့်ဖြစ်တာကိုကြည့်နေနိုင်တယ်

လီလီပြောလိုက်မှ ထိုမိန်းကလေးအပြေးရောက်လာပြီး တံခါးဖွင့်ပေးတော့သည် လီလီချယ့်ကို ကားထဲထည့်ပေးလိုက်ပြီး ကျနေသောပစ်စည်းတွေကိုကားထဲထည့်တော့ ထိုမိန်းကလေးပါဝိုင်းသယ်ပေးသည် လီလီ ကားထဲဝင်မယ်အလုပ်

I''ချယ် မမဆေးခန်းလိုက်ခဲ့လေ ကြည့်ပေးမယ်

C''ရပါတယ် ဘာမှမဖြစ်ဘူး

I''မဟုတ်တာ ငါ့ကြောင့်ဖြစ်တာကို နော်လိုက်ခဲ့

C''အင်းပါ လီလီသူ့ကားနောက်ကပဲ လိုက်ပေးနော်

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now