Ep(5)💛

2.4K 238 63
                                    

ဒီလည်ဆွဲလေးမြင်လိုက်တဲ့တစ်ခဏမှာတော့
ချယ်ဘာလုပ်ရမယ်မှန်းမသိတော့ ထိုသူ့ဆီသွားရမလား လက်ဖျားတွေအေးစက်နေတုန်းမှာပဲ

S''ချယ် ဘာဖြစ်လို့လဲ

C''သူသူ ငါ့အိမ်မက်တွေထဲကသူ

S''ဘယ်မှာလဲ

C''အရေှ့မှာ

S''ဟိုတစ်ယောက်လား အရပ်ရှည်ရှည်နဲ့

C''အင်း

S''နင်ငါ့ကို ကျေးဇူးအကြီးကြီးသာတင်လိုက်တော့ လာ

ဆူဇီ့စကားကိုချယ်နားမလည်နိုင်ဖြစ်နေတုန်းမှာပဲ ချယ့်လက်ကိုဆွဲကာဆူဇီက သူ့ရှေ့ကိုခေါ်သွားခဲ့တယ်လေ

S''အန်တီဆိုမီမလား

So''အင်းဟုတ်တယ် သမီးဆူဇီလား ထွားလာလိုက်တာ

S''ဟုတ် သူကဘယ်သူလဲအန်တီ ဒီကမဟုတ်ဘူးထင်တယ်

So''အင်း အန်တီ့သူငယ်ချင်းရဲ့သမီးလေ ဒီမြို့ကမဟုတ်ဘူး လာလည်တာ

လီလီစကားများနေတဲ့ကောင်မလေးကို မကြည့်အား မျက်နှာလေးကိုအောက်ငုံ့ထားရှာသော ပါးဖောင်းဖောင်းနဲ့မိန်းကလေးကိုသာ
ကြည့်နေမိသည် ချစ်စရာကောင်းလိုက်တာ
ပါးလေးတွေက ဖက်နမ်းချင်စရာလေး

S''နာမည်ဘယ်လိုခေါ်လဲဟင်

Li''lilyပါ

S''သေချာပါပြီ

Li''ဘာကိုလဲ

S''ဘာမှမဟုတ်ပါဘူး

Li''ဒီကရော နာမည်ဘယ်လိုခေါ်လဲမသိဘူး

S''ကျွန်မလား

Li''ဟင့်အင်း သူ့ကိုပြောတာ

ခုထိမျက်နှာငုံ့ထားတဲ့သူငယ်ချင်းဖြစ်သူကို ပခုံးနဲ့တိုက်လိုက်ပြီး

S''ဟဲ့ ချယ်နင့်ကိုမေးနေတယ်လေ

C''ဟုတ် မင်ချယ်ယောင်းပါ ချယ်လို့ပဲခေါ်နိုင်ပါတယ်

Li''ဟုတ်ကဲ့ ကိုယ့်ကိုခင်လို့ရတယ်နော်

So''အန်တီတို့သွားလိုက်အုံးမယ်နော် လီလီသွားရအောင်

Li''ဟုတ် သွားမယ်လေ ကိုယ်သွားပြီနော်ချယ်

လီလီနှုတ်ဆက်ပြီး အန်တီဆိုမီနဲ့ ထွက်လာခဲ့လိုက်သည် အင်းဒီအတိုင်းဆို ဒီမှာကြာကြာနေဖြစ်တော့မှာပဲ...



Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now