Ep(17)💛

1.7K 172 23
                                    

လီလီိီစားပွဲမှာ ဝင်ထိုင်လိုက်ပြီး

Li''ရောက်နေတာကြာပြီလား

I''မကြာသေးပါဘူး လီလီရဲ့

Li''အင်း လီလီနဲ့ပြောစရာရှိတယ်ဆို ဘာပြောမလို့လဲ

I''နေပါအုံး တစ်ခုခုစားပြီးမှပြောကြမယ်လေ

ထိုစဥ်မှာပဲ စားပွဲထိုးလေးက စားစရာအချို့နှင့်် အအေးနှစ်ခွက်လာချသည်

I''မှာထားတာလေး စားလိုက်ပါအုံး

Li''လီလီဗိုက်မဆာလို့ မစားတော့ပါဘူး အအေးပဲသောက်တော့မယ်

လီလီအအေးကိုပဲ သောက်လိုက်ရင်း

Li''လီလီသွားစရာရှိလို့ ဘာပြောမှာလဲ

I''ဘယ်သွားမလို့လဲ

Li''ချယ့်ဆီလေ

I''အင်း ချယ်နဲ့ကအရမ်းခင်တာလား

Li''အင်း ခင်တာမဟုတ်ဘူး အဲ့ထက်ပိုတယ်

I''ဘယ်လို

Li''လီလီနဲ့ချယ်နဲ့က ချစ်သူတွေလေ

I''တစ်ကယ်လား ဟိုတစ်ခါချယ့်ကိုမေးတုန်းက ဘာမှမပြောပါဘူး

Li''အင်း အာ့တုန်းကချစ်သူတွေ မဖြစ်သေးလို့နေမယ်

I''အော်

မျက်နှာကသိသိသာသာပျက်ယွင်းသွားသည်မို့ လီလီ့စိတ်ထဲကျေနပ်သွားရသည် ကိုယ်ပြောချင်တာပြောလိုက်ရသည်မလား

Li''ဘာပြောမှာလဲ ပြောလေ

I''အော် ဘာမှမဟုတ်ပါဘူး

Li''အင်း အာ့ဆိုလည်း လီလီသွားတော့မယ်နော်

IUခေါင်းညိမ့်ပြလိုက်တော့ လီလီကနေရာမှထကာ ထွက်သွားတော့သည် ထွက်သွားသောလီလီ့ကျောပြင်ကိုကြည့်ပြီး IUပြံုးလိုက်မိသည် မစတင်ခင်ထဲက ပြီးဆုံးသွားတဲ့အချစ်ပါလား....

လီလီချယ့်အိမ်ရောက်တော့ ချယ်ကအိမ်ရှေ့မှာထိုင်နေသည်မို့

Li''မ ဘာလုပ်နေ

C''စောင့်နေတာ ရှင်လေးကို

Li''အွန်း ကြာသွားလို့လား

C''ကြာတာပေါ့ နက်ဖြန်အိမ်ပြန်မယ့်ဟာကို

Li''ဆောရီးပါ ချိန်းထားတာသွားနေရလို့

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now