Ep(2)💛

3.3K 244 64
                                    

လီလီဂျင်းစားဖို့လုပ်နေတုန်းမှာပဲ ဂျင်းအသံစူးစူးလေးကြောင့် ချက်ချင်းအပေါ်ပြေးတက်လာခဲ့မိသည် အခန်းထဲအမြန်ဝင်ပြီး ဂျင်းဘေးနားအပြေးသွားကာ

L''ဘေဘီ ဘာဖြစ်လို့လဲဟင်

J''ဗိုက်နာလို့ လီလီ

L''အရမ်းနာနေတာလားဟင်

J''ဟုတ်

မျက်နှာလေးငိုမဲ့မဲ့ဖြစ်နေသော ဂျင်းပုံကိုကြည့်ပြီး လီလီဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားရသည်

L''အရမ်းနာနေတာလား

J''အင်း မွေးချင်ပြီထင်တယ် နာတယ်

L''လာလာ ဆေးရုံသွားရအောင်နော်

လီလီဂျင်းကိုပွေ့ပြီးကားဆီခေါ်လာခဲ့လိုက်သည် ကားထဲဝင်ကာကားလေးကို ဆေးရုံသို့ ဦးတည်မောင်းနှင်နေတုန်းမှာပဲ လီလီ့ဆံပင်ကိုလာဆွဲသောဂျင်း

L''ဘေဘီဆံပင်မဆွဲနဲ့လေ ကိုယ်ကားမောင်းနေတာလေ

J''အား ဗိုက်နာတယ်လီလီရဲ့ နာတယ်အရမ်း

L''ကိုယ့်လက်ကိုကိုင်ထား

လီလီ့လက်လေးပေးလိုက်တော့ ဂျင်းကသူ့လက်လေးတွေနှင့် တင်းတင်းဆုပ်ကိုင်လာသည်

L''အား ဂျင်းရေ ဖြည်းဖြည်းကိုက်ပါ

J''လီလီကလည်း အရမ်းနာတယ်လို့

L''ကိုက်ကိုက် စိတ်ကြိုက်ကိုက်နော်

ကားကိုအမြန်မမောင်းပဲ လက်တစ်ဖက်ထဲနှင့် ဂရုတစိုက်မောင်းနေသော လီလီ့အဖို့မလွယ်ကူလှ ဂျင်းကဗိုက်နာနေတာမို့ လက်ကိုတင်းတင်းဆုပ်ထားသည့်အပြင် တစ်ချက်တစ်ချက်ထထကိုက်သည်မို့ ပို၍သတိထားနေရသည်

ခဏအကြာဆေးရုံရောက်ပြီမို့ ဂျင်းကိုပွေ့ချီပြီး ဆေးရုံဝန်းထဲခေါ်ခဲ့လိုက်သည် လီလီတို့ကိုမြင်တော့ ဆရာဝန်အချို့အပြေးရောက်လာတော့သည် တွန်းလှည်းပေါ်ဂျင်းကိုတင်ပေးလိုက်ပြီး မွေးခန်းထဲပို့ဖို့ ပြင်လိုက်သည်

L''ဘေဘီအားတင်းထားနော်

J''နာတယ်လီလီ

L''အင်းပါ ခဏပဲသည်းခံလိုက်နော် အဆင်ပြေသွားမှာ

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now