Ep(6)💛

2.2K 228 42
                                    

လီလီအိပ်ရာကထပြီး မျက်နှာသစ်ကာ အန်တီဆိုမီကိုရှာလိုက်တော့ မီးဖိုထဲမှာ ကောင်မလေးတစ်ယောက်နှင့်ချက်ပြုတ်နေသည်ကို တွေ့လိုက်ရသည်မို့

Li''အန်တီ ဘာတွေချက်နေတာလဲ

So''မနက်စာလေးပြင်နေတာ နိုးပြီလား

Li''ဟုတ်အိပ်လို့ကောင်းလိုက်တာ ရာသီဥတုလေးကလည်း ကောင်းတယ်

So''ဟုတ်တယ်

Li''လီလီလမ်းခဏလျှောက်လိုက်အုံးမယ်နော်

So''အင်း အဝေးကြီးမသွားနဲ့နော် လမ်းပျောက်နေအုံးမယ်

Li''ဟုတ် ဒီနားလေးပဲသွားမှာ

So'' အင်း ဂရုစိုက်သွားအုံး

Li''ဟုတ်

လီလီအိမ်ထဲကနေထွက်ပြီး အပြင်ထွက်ဖို့ပြင်တုန်းမှာပဲ အိမ်ရှေ့ကိုကားတစ်စီးက ထိုးရပ်လာခဲ့သည် ဘယ်သူလဲကြည့်နေတုန်းမှာပဲ
ကားလေးရဲ့တံခါးပွင့်သွားပြီး လှပသောခြေချောင်းလေးများကို တွေ့မြင်လိုက်ရသည် လီလီအပေါ်ကိုကြည့်လိုက်တော့ မနက်ခင်းရဲ့အလှနဲ့အပြိုင်လှပနေသော ကောင်မလေး ချစ်စရာကောင်းသောပါးပြင်လေးပေါ်မှာ ဆေးရောင်အနည်းငယ်နှင့် နီစွေးနေသောနှုတ်ခမ်းသားလေးကလည်း စွဲမက်စရာ..

တီရှပ်အကျီနှင့်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားသော ခြေတံရှည်ရှည်နှင့်လီလီက ကြည့်လို့အလွန်ကောင်းလှသည် လီလီကချယ့်ကိုငေးကြည့်နေသည်မို့ ချယ့်ရင်ထဲမှာပျော်မြူးနေရသည်မှာ အလွန်အမင်း ချယ်နေရာမှာရပ်နေဆဲဖြစ်တဲ့ လီလီ့ဆီအသာအယာလျှောက်လှမ်းသွားလိုက်သည်...

C''လီလီ

Li''ဟုတ် ဒီကိုလာတာလား

C''အင်း ဆူဇီလာလေ

S''အိမ်မှာခေါက်ဆွဲချက်လို့လေ အဲ့ဒါလာပို့တာ အန်တီဆိုမီရှိလား

Li''ဟုတ် ရှိတယ်လာလေ လီလီ့ကိုချိုင့်ပေး

လီလီဆူဇီ့လက်ထဲကချိုင့်ကိုပြောင်းယူလိုက်ပြီး အိမ်ထဲကိုခေါ်လာခဲ့လိုက်သည်

So''အော် သမီးတို့လာလည်တာလား

S''မဟုတ်ဘူးအန်တီ အိမ်မှာခေါက်ဆွဲချက်တာ မနေ့ကအန်တီနဲ့တွေ့ခဲ့ကြောင်းပြောလို့ မေမေကလာပို့ခိုင်းလို့

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now