Ep(4)💛

2.5K 245 50
                                    

S''ချယ် ပြီးပြီသွားရအောင်

အခွေတွေရွေးပြီးလို့ ချယ့်ကိုပြောလိုက်ပေမယ့် သူငယ်ချင်းမက ဘယ်ကိုအာရုံရောက်နေသည်မသိ သူကြည့်နေရာကိုကြည့်လိုက်ပေမယ့် ဘာမှထူးထူးဆန်းဆန်းမတွေ့တာမို့ ချယ့်လက်ကိုဆွဲလိုက်ပြီး

S''ချယ် ဟေ့ ငါခေါ်နေတယ်လေ

C''ဟင် ငါနဲ့ခဏလိုက်ခဲ့အုံး

လက်ကိုဆွဲပြီး ထွက်သွားတဲ့မင်ချယ်ယောင်းကိုနားမလည်စွာနဲ့ပဲsuzyလည်း နောက်ကလိုက်လာခဲ့ရတော့သည် ချယ်ယောင်းခြေလှမ်းတွေက ဆိုင်ခန်းတစ်ခုရှေ့မှာရပ်သွားခဲ့တာမို့ ကြည့်လိုက်တော့လက်ဝတ်ရတနာအရောင်းဆိုင်ဖြစ်နေခဲ့သည်

S''ဘာလုပ်မလို့လဲ နင်ဝယ်ချင်လို့လား ရွှေတွေလည်းမကြိုက်ပဲ

C''မဟုတ်ဘူး ငါဒါလေးတွေ့လို့

ချယ်လက်ညှိုးထိုးပြလာသည်ကို ကြည့်လိုက်တော့ ပလက်တီနမ်ဆွဲကြိုးလေး suzyတစ်ယောက်ချက်ချင်း သဘောပေါက်သွားရပြီလေ

C''ငါ့အိမ်မက်ထဲက ဆွဲကြိုးလေးနဲ့အရမ်းတူလွန်းတယ်

S''အင်း

C''ငါဝယ်လိုက်အုံးမယ်

အရမ်းကိုကပ်စေးနှဲရှာပါသော သူငယ်ချင်းမကချက်ချင်းစျေးမေးကာ ဝယ်နေတာမို့ ဘာမှမပြောနေတော့ ချယ်ယောင်းဘယ်လောက်ရူးလဲဆိုတာ သိနေသူမို့

တစ်လမ်းလုံးပြုံးရွှင်နေသောမျက်နှာကိုကြည့်ပြီး အမြင်ကတ်လာသည်မို့

S''နင်အရမ်းရူးတာပဲချယ်

C''ဘာဖြစ်လဲ

S''အဲ့ဟာကိုလက်ကချစမ်းပါ နင်အိမ်ရောက်မှအဝကြည့်

C''ဒီဆွဲကြိုးဘာဖြစ်လို့ဝယ်လာတာလဲသိလား

S''ဟင့်အင်း နင်ပြောတဲ့ဟာနဲ့တူလို့မလား

C''အင်း မဟုတ်မှန်းတော့ငါသိတယ် lဆိုတဲ့နာမည်လေးကတော့အတူတူပဲ ကြိုးပုံစံတော့မတူဘူး

S''နင်လည်းနော် အိမ်မက်ထဲမှာတွေ့တာမို့ပဲ ဘယ်နေရာမတူတာကအစအကုန်သိတယ်

C'အင်းလေ ငါမက်တာကတစ်ခါထဲမှမဟုတ်တာ အမြဲမက်တာကို

S''အေးအေး မပြောတော့ဘူး

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now