Ep(10)💛

2K 211 44
                                    

လီဆာလမ်းမှာမှာထားသည့်ပစ်စည်းများဝင်ယူပြီး ချယ့်အိမ်ကိုကားလေးအား ဦးတည်ပြီးမောင်းလာခဲ့လိုက်သည် စိတ်တွေလည်းတအားလှုပ်ရှားနေခဲ့ပြီ ချယ့်ကိုလည်းတွေ့ချင်လှပြီ တွေ့ပြီးလီလီချယ့်ကိုဘယ်လောက်ချစ်ကြောင်း ရင်ဖွင့်ချင်လှပြီ..

ကားလေးကိုဂရုတစိုက်မောင်းနှင်လာပြီး မကြာခင်မှာပဲ ချယ့်အိမ်ကိုရောက်လာပြီမို့ ကားလေးကိုအိမ်ရှေ့ရပ်ကာ ချယ်ရှိရာအိမ်လေးထဲဝင်လာခဲ့လိုက်သည်

ဝင်ဝင်ချင်းမှာပဲ တစ်လမ်းလုံးပျော်ရွှင်နေခဲ့မိသည့်လီလီ့ အပျော်တို့ချက်ချင်းပျောက်ဆုံးသွားခဲ့ရတော့သည် အကြောင်းမှာဆိုဖာပေါ်မှာထိုင်နေပြီး စကားပြောနေကြသည့် ချယ်နှင့်ဟိုအမကြောင့်

C''လီလီ လာလေ ဘာလာလုပ်တာ

L''ကိုယ်ကအကြောင်းရှိမှလာရမှာလား ချယ်ရဲ့

C''မဟုတ်ပါဘူး လာလေ လာထိုင်

လီလီလည်း ချယ့်ဘေးမှာဝင်ထိုင်လိုက်ပြီး လီလီတို့နှင့်မျက်နှာချင်းဆိုင်မှာရှိနေသည့် ထိုအမအားကြည့်ကာ

L''အမကရော ဘာလာလုပ်တာလဲ

I''အော် ချယ်လေးကိုလာကြည့်တာလေ သက်သာလားလို့

ထိုအခါမှလီလီချယ့်ခြေထောက်ကို သတိရမိတော့သည် တစ်ချိန်လုံးချစ်ကြောင်းပြောဖို့ကိုပဲ စိတ်ကရောက်နေခဲ့သည်မလား..

L''ဟုတ်သား ချယ်ဘယ်လိုနေလဲ သက်သာလား

C''အင်း သက်သာပါတယ်လီလီရဲ့

I''အာ့ဆို ချယ်ရေမမပြန်အုံးမယ်နော် တွေ့ချင်နေတာတွေ့လိုက်ရလို့ အဆင်ပြေသွားပြီ

အနှောင့်အသွားမလွတ်သော ထိုအမ၏စကားက လီလီ့နားကိုစိတ်အနှောင့်အယှက်ဖြစ်စေသည် ချယ့်မျက်နှာကိုလီလီ လှမ်းကြည့်လိုက်တော့ မျက်နှာပျက်သွားသည်ကိုတွေ့လိုက်ရပေမယ့် ချက်ချင်းဆိုသလိုချယ့်မျက်နှာက ပြန်လည်ပြုံးသွားသည်ကိုလည်း လီလီတွေ့လိုက်ရ​ပြန်သည်

I''လီလီအမပြန်တော့မယ်နော်

L''အင်း

I''ဒါဆိုပြန်လိုက်အုံးမယ် ချယ်နောက်မှမမထပ်လာခဲ့မယ်နော်

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now