Ep(15)

1.8K 185 27
                                    

ချစ်သူနှစ်ဦးလက်ချင်းတွဲကာ လျှောက်လမ်းလေးအတိုင်းလျှောက်လာခဲ့ကြရင်း

Li''မ

C''ရှင်

Li''ဟိုကိုကြည့်အုံး လှလိုက်တာ

C''အင်း မဆိုအမြဲအဲ့ကိုသွားနေကျ လှတယ် တောင်ကုန်းရဲ့ဟိုဘက်ခြမ်းမှာချောင်းလေးလည်းရှိတယ်မောင်ရဲ့

Li''ဟုတ်လား သွားချင်တယ်လေ

C''သွားကြမယ်လေ နည်းနည်းတော့လှမ်းတယ်နော်

Li''ရတယ် လီလီသွားချင်လို့

အရမ်းတွေတက်ကြွနေသောလီလီ့ပုံကြောင့် ချယ်ပြုံးနေရတော့သည် လီလီသွားလည်းသွားချင်စရာ စိမ်းစိုနေသည့်တောင်ကုန်းလေးကသွားချင်စိတ်ကို ဖြစ်ပေါ်စေသည်မလား

C''လာသွားကြမယ်

Li''ဒီလိုမှန်းသိ မောင်ကင်မရာယူလာပါတယ်

C''မောင့်မှာရှိလား

Li''တစ်ပုံကြီး အိမ်မှာဆို မောင်ကအမြဲကင်မရာပဲဝယ်နေကျမို့ ခုတောင်ပါလာတယ်
အန်တီဆိုမီအိမ်မှာ ကျန်ခဲ့တာလေ

C''ဟုတ်လား ဖုန်းနဲ့လဲလှပါတယ် မောင်ရဲ့

Li''ဟုတ်ပါပြီ

လီလီကအနွေးထည်ကိုချွတ်လိုက်ပြီး ချယ့်ကိုယ်ပေါ်မိုးပေးလာသည်

C''မောင်ပါဝင်လေ

Li''ဟုတ်

C''ဒါနဲ့မေးစရာရှိတယ်

Li''ဟုတ် မေးပါ

C''မောင်က အရင်ကမိန်းကလေးတွေကိုရော ဒီလိုပဲဂရုစိုက်ပေးနေကြတာလား

Li''မဟုတ်တာနော် မကိုပဲဂရုစိုက်တာ

C''ယုံရမလား

Li''ယုံပါဗျာ မောင်ကဘယ်သူ့ကိုမှချစ်ခဲ့ဖူးတာမဟုတ်ဘူး မကိုပဲတစ်ကယ်ချစ်တာ

လီလီ့ဘက်ကညာပြောနေသည်လားလို့ ထင်မှတ်နေခြင်းက လီလီ့ရဲ့မျက်ဝန်းတွေနဲ့ အတွေ့မှာတော့ ပျောက်ပျက်သွားရပြီ လီလီချယ့်ကိုတစ်ကယ်ချစ်သည်မှန်းတော့ လီလီ့ရဲ့အချစ်ရိပ်တွေပြည့်နှက်နေသည့် မျက်ဝန်းတွေကတစ်ဆင့် ချယ်သိပါသည်

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now