Ep(7)

2.1K 199 41
                                    

C''လီလီ

Li''အင်း ကိုယ်ပါ

C''ဘယ်လိုရောက်လာတာလဲ

Li''အန်တီဆိုမီလမ်းညွှန်လိုက်တာလေ

C''အော်

Li''မနည်းတော့ရှာလိုက်ရတယ် မေးမြန်းလိုက်ရတာလည်း ပါးစပ်တောင်ညောင်းတယ်

C''အင်း ဘာလာလုပ်တာ

C'm''ဧည့်သည်ကိုထိုင်ခိုင်းလေ မေမေလုပ်စရာတွေရှိလို့လုပ်လိုက်အုံးမယ်နော်

C''ထိုင်လေ လီလီ

လီလီကထိုင်ခုံမှာဝင်ထိုင်သည် ချယ်လည်းလီလီ့ရှေ့ကခုံမှာဝင်ထိုင်လိုက်ပြီး

C''ဘာလာလုပ်တာလဲ

Li''ကိုယ့်ကိုစိတ်ဆိုးသွားလို့လေ အာ့ကြောင့်လာချော့တာ

C''စိတ်ဆိုးတာမဟုတ်ပါဘူး ဒါနဲ့လီလီကဒီလိုပဲ လူတိုင်းကိုလိုက်ချော့နေကျလား

လီလီက ပျာပျာသလဲဖြင့်

Li''မဟုတ်တာ ကိုယ့်ပုံစံကဒီလိုမဟုတ်ပါဘူး
ဘယ်သူ့ကိုမှလည်းမချော့ဖူးဘူး ပြီးတော့အခုလိုခင်တာမကြာသေးတဲ့သူဆို ပိုဆိုးတာပေါ့

လီလီ့စကားကြောင့် အစောကထိဝမ်းနည်းနေမိတာတွေက လွင့်စင်သွားခဲ့ရပြီး ကြည်နူးမှုလေးအချို့က ရင်ထဲဖြတ်ပြေးသွားရတော့သည်

C''အင်း ချယ့်ကိုကျဘာလို့လဲ

Li''အင်း ချယ်ကသူများတွေနဲ့မတူဘူး လီလီ့အတွက်ထူးခြားတဲ့သူမို့

C''ဟုတ်လား ဘယ်လိုထူးခြားလို့လဲ

Li''အင်း နောက်တော့ပြောပြမယ် ဘယ်လိုထူးခြားတယ်ဆိုတာ ဒါနဲ့ခုစိတ်ဆိုးပြေသွားပြီလား

C''စိတ်ဆိုးတာမဟုတ်ပါဘူး

Li''ဟုတ်လား ဒါဆိုဘာဖြစ်တာ

C''စိတ်မကောင်းဖြစ်တာ

Li''အာ ဟုတ်ပါပြီ လီလီတောင်းပန်ပါတယ်နော် စိတ်ထဲရှုပ်နေလို့ အသံမာသွားတာပါ အော်တာလည်း မဟုတ်ရပါဘူးနော်

C''အင်းပါ ဟုတ်ပါပြီ

Li''အာ့ဆို စိတ်ဆိုးပြေသွားပြီလား

C''အင်း

Li''ဟုတ်လား တော်သေးတာပေါ့ ခုမှပဲနေရတာအဆင်ပြေသွားတော့တယ်

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now