AllU(1)

3.3K 129 4
                                    

[Unicode]

"ညိုယံ ကျူရှင်က ထွက်တော့မလို့ရှင့် အဲ့ဒါ့ ဆရာကြီးကို လာပြောတာပါ"

ဧည့်တွေ့နေရာမှာ ထိုင်နေတဲ့ အဒေါ်ကြီးရဲ့စကားကြောင့် ၈တန်းကလေးတွေကို သချာ်အလွတ်တွက်ခိုင်းရင်းကနေ မင်းတခေတ် ခေါင်းလေးထောင်ကာ အသာလေးကျော်ကြည့်လိုက်၏။

ထိုသို့ ကြည့်နေရင်းမှ ထိုအဒေါ်ကြီးရဲ့ ဘေးနားမှာ ထိုင်နေသော ကလေးကို ကြည့်လိုက်တော့ မင်းတခေတ်အား စိုက်ကြည့်နေသော ရှိန်းညိုယံထင်း

နှစ်နှစ်တာ သင်ခဲ့ရသော တပည့်ရင်းတစ်ယောက်ဖြစ်သူမို့ မင်းတခေတ် စိတ်လိုလက်ရလေး ပြုံးပြလိုက်၏။ ဒါကိုပင် ရှိန်းညိုယံထင်းတစ်ယောက် ပြန်လည်ကာ ပြုံးပြခြင်းမရှိပဲ မင်းတခေတ်အား မမှိတ်မသုန် စိုက်ကြည့်မြဲ စိုက်ကြည့်ဆဲပင်.....

မင်းတခေတ် အနည်းငယ်တော့ စိတ်ခုသွားရ၏။ ဒီကောင် ကိုယ့်ဆရာဖြစ်သူကိုတောင် အတော်လေးချေနေပါ့လား ဟမ်?

အနေအေးတာတော့ သိတယ်...စိတ်ဆက်လွယ်တာလည်း သိတယ်...ဒါ့ကြောင့်လည်း တခြားကျောင်းသားတွေနဲ့ မတည့်တာလည်း သိတယ်...တချို့ဆရာ ဆရာမတွေနဲ့တောင် ဂျစ်တစ်တစ် ဂျစ်ကန်ကန်နဲ့...

ဒါပေမယ့် မင်းတခေတ်နဲ့တော့ တည့်တယ်လေ...ဘယ်သူမှ ပြောမရဆိုမရရင် ဆရာလေးခေတ်ရေ ညိုယံကို စာကျက်လာဖို့ ပြောပေးပါဦး...စာတွက်လာဖို့ ပြောပေးပါဦးနဲ့ ...မင်းတခေတ် ဒီနေ့ပြောလိုက်ရင် မနက်ဖြန်ဆို အိုကေမှာစိုပြည်နေတာပဲ....ဒီနေ့မှ ဘာဖြစ်လို့ ဂျိုပေါက်နေရတာလဲ ဒီသောက်ကလေးက။

သချာ်အလွတ်တွက်ပြီးတော့ လာပြတဲ့ ကျောင်းသားတစ်ယောက်က ရှိန်းညိုယံထင်းကို ကယ်တင်လိုက်ပုံရ၏။ ဟုတ်တယ်လေ...အဲ့လောက်ချေမိုးနေတဲ့ သောက်ကလေးကို မင်းတခေတ် ထထုတော့မှာ......။

မင်းတခေတ် ဆယ်တန်းအောင်ပြီးပြီးချင်း ကျူရှင်မှာ Guideပြန်သင်တော့ ထိုကလေး ရှိန်းညိုယံထင်းက ၇တန်းကလေးလေးပင်။ ပထမဆုံး Guideသင်တဲ့ ၇တန်းဝိုင်းမှာပင် မျက်နှာထားတင်းတင်းနဲ့ ထိုလိုကလေးတစ်ယောက် ပါတာကြောင့် ကိုင်တွယ်နိုင်ပါ့မလား စိုးရိမ်စိတ်နဲ့ စာသင်ဖို့ လက်လျော့ချင်လိုက်စိတ်က တဖွားဖွား...

AllUWhere stories live. Discover now