Part-1💚

23.9K 273 21
                                    

Unicode

ကြိုပြောပါရစေနော် ဒီ Fic ကနာမည်နဲ့လိုက်အောင် Warning ပါ mature content တွေအများကြီးပါမှာပါ~~~~~
မဖတ်ချင်ရင်ကျော်သွားနိုင်ပါတယ်~~~~~💚

________________________________________

"Atthaphan Phunsawat ရှိလား
မတက်ဘူးလား"

ဆရာမကဘယ်လိုပဲခေါ်ခေါ်ခုံပေါ်ကိုမျက်နှာမှောက်ပြီးအိပ်နေတဲ့ Gun ကတော့တုပ်တုပ်ပင်မလှုပ် ။
Gun ဆိုတာ အကောင်သေးသေး ပိန်ပိန်ပါးပါးနဲ့ ပေစုတ်စုတ်နိုင်တယ် ဆံပင်လည်းသေချာမညှပ်ထားဘဲ အပေါ်ကိုလှန်တင်ထားတာကြောင့်သူ့ပုံစံကမြင်တာနဲ့တင်ရွံစရာဖြစ်နေတတ်တာ ။
ကျောင်းဝတ်စုံအဖြူကို ကပိုကရို အမြဲဝတ်တတ်ပြီး အပေါ်ထပ်ခေါင်းစွပ်အနက်ရောင်ကိုအမြဲဝတ်လေ့ရှိတယ် ။
အရပ်သိပ်မရှည်ပေမယ့်ပြင်ပြင်ဆင်ဆင်သာနေမယ်ဆိုတစ်ကယ်ကိုကြည့်ကောင်းမယ့်သူ ။

ဒီအတန်းမှာလူပေါင်း ငါးဆယ်ကျော်ကျော်ရှိတာတောင် သူ့ကိုအပေါင်းအသင်းလုပ်မယ့်သူ တစ်ယောက်မှမရှိ
သူကလည်း ဘယ်သူ့ကိုမှအဖက်မလုပ် ဘုဆတ်ဆတ်နိုင်သလို ဆရာဆရာမတွေကတောင်သူ့ကိုမပြောချင်တော့လို့လွှတ်ထားရတယ် အမြဲလိုလိုကျောင်းနောက်ကျတတ်ပြီး
ဒီနေ့လိုမျိုးကျောင်းကို စောစောရောက်နေတဲ့နေ့မှာတောင် ခုံပေါ်မှောက်ပြီးအိပ်နေတတ်တာ ။

ဖြောင်း...........

Gun ရဲ့ခေါင်းကို နာမည်စာရင်းစာအုပ်နဲ့ ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်တာကြောင့်အသံကျယ်ကြီးထွက်လာတယ်...
ကျောင်းသားအားလုံးရဲ့အကြည့်ကနောက်ဆုံးတန်းထောင့်တစ်နေရာဆီမှာပဲစုပြုံနေကြတယ်။ နောက်ဆုံးတန်းမှာထိုင်တဲ့သူက ဒီပေစုတ်စုတ်ကောင်ကလွဲပြီးတစ်ခြားသူရှိတာမဟုတ်
ဒီလိုမြင်ကွင်းမျိုးကတော့ဒီအခန်းအတွက်ဖြစ်ရိုးဖြစ်စဥ်မျိုးလိုဖြစ်နေတော့သိပ်တော့အထူးအဆန်းမဟုတ်ချေ ။
Gun ကတော့ဘာရယ်မဟုတ်ပေစောင်စောင်မော့ကြည့်ပြီး သူ့ရဲ့ခပ်ရှုပ်ရှုပ်ဖြစ်နေတဲ့ခေါင်းကိုတဗျင်းဗျင်းမြည်အောင်ကုတ်ရင်း

"ဘာလုပ်တာလဲဗျ"

"ငါနာမည်ခေါ်နေတယ်လေမကြားတာလား
ငါ့အချိန်ကအခုမှစတာ နင်အမြဲအဲ့လိုလုပ်နေမယ်ဆို ငါ့အတန်းကိုနောက်နေ့လာမတက်နဲ့တော့"

Sex At 7/11 (completed)Where stories live. Discover now