Part-8

5.9K 648 30
                                    

ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-8


Zawgyi

"မဖြစ်ဘူး ဝမ်ရီပေါ်၊ မင်း အခုလိုနေချင်တိုင်း နေခွင့်မပြုနိုင်ဘူး၊ ပြန်လိုက်ခဲ့ရမယ် ဝမ်ရီပေါ်"

ယီပေါ်ရှင်း လေသံတင်းတင်းနှင့် ပြန်ခေါ်၏။

ဝမ်စံအိမ်တော်က ထွက်လာခဲ့တာ မနေ့ကမှ။ ဟောဒီကနေ့ကျတော့ ဘွားယီပေါ်ရှင်းကိုယ်တိုင် ဦးဆောင်ကာ ပြန်လာခေါ်နေ၏။

"ဒီမှာ မြေးတို့အဆင်ပြေနေတာပဲ ဘွား၊ ပြီးတော့ ရှောင်ကျန့်နဲ့ အန်တီဝမ်က ဘယ်လိုမှအတူတူနေလို့မှ မဖြစ်နိုင်တာ"

"မဖြစ်လည်း မင်း ဖြစ်အောင်နေပေးရမှာပဲ ဝမ်ရီပေါ်၊ အခုကိစ္စမှာ ဝမ်ယီယီမမှားဘူး၊ ဒီစံအိမ်တော်မှာနေပြီး ဘွားယီတို့အရိပ်ကို ခိုနားရင်တော့ အကျောကြီးနဲ့ ဘယ်နေလို့ရမလဲ ဝမ်ရီပေါ်၊ ဒါကို မင်းနားလည်သင့်တာပေါ့၊ တကယ်တော့ မှားနေတာကမြေးပဲ၊ ဒီကောင်ကလေးကို ခေါ်မွေးစားလာတုန်းကလည်း ဘယ်သူ့ဆန္ဒကိုမှ မင်းမမေးမြန်းခဲ့ဘူးလေ၊ ခေါ်လာပြီးတော့မှ စကားတွေကို ဘွားယီ ရှည်ရှည်ဝေးဝေး မပြောချင်တော့ပါဘူး၊ မရှိဆင်းရဲသားတစ်ယောက်ကို အခက်အခဲဒုက္ခရောက်နေချိန်မှာ ကယ်တင်စောင့်ရှောက်တာ ကုသိုလ်တောင်ရပါသေးတယ်၊ ဒါပေမဲ့ ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုအတွက်နဲ့ ဝမ်စံအိမ်တော်မှာ မိသားစုဝင်တွေအချင်းချင်း တကွဲတပြားစီနေပြီး သူစိမ်းဆန်နေကြတာကိုတော့ ခွင့်မလွှတ်နိုင်ဘူး ဝမ်ရီပေါ်၊ ဒါကြောင့် ဘွားယီနဲ့ မင်း ပြန်လိုက်ခဲ့ရမယ်"

ပြတ်သားတဲ့စကားကို ဒေါ်ယီပေါ်ရှင်းက သွေးအေးစွာပင် ပီပီသသ ပြောနေ၏။ ဝမ်ရီပေါ်ခေါင်းကို တအားခါယမ်းပစ်လိုက်ချင်ပေမယ့် ဒေါ်ယီပေါ်ရှင်းရဲ့စကားကိုတော့ မပြစ်ပယ်နိုင်ဘဲ နားထောင်နေရ၏။

"ဝမ်ယီယီ ရောင့်တက်မှာစိုးတာကြောင့် မင်းကို ဘာမှမပြောခဲ့တာ၊ ဘွားယီရဲ့သဘောကလည်း ရှောင်ကျန့်ကို ဝိုင်းလုပ်ဝိုင်းစားသဘောနဲ့ ထားချင်တယ် ဝမ်ရီပေါ်၊ မင်းကို အစကတည်းက ပြောထားပြီးသားလေ ရှောင်ကျန့်ကို နေခွင့်ပြုတယ်၊ ပညာသင်ပေးမယ်၊ ကျွေးမွေးထားမယ်၊ ဒါပေမဲ့ အိမ်ရှင်တစ်ယောက်လိုတော့ မဆက်ဆံနိုင်ဘူးဆိုတာ ပြောထားပြီးသားပဲ"

ရင်ခွင်ဟောင်းလေး လှည့်ကြည့်ပါ [Completed]Where stories live. Discover now