Part-16

5.4K 569 29
                                    

ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-16

Zawgyi

"ဘယ်လိုပြောလိုက်တယ်...မြေး၊ မင်း...မင်းဘာပြောလိုက်တယ်၊ မျက်...မျက်လုံးတွေ ပြန်ကုတော့မယ်"

"ဟုတ်တယ်...ဘွား၊ ကျွန်တော် ပြန်ကုတော့မယ်"

"အမယ်လေး...အမယ်လေး ဝမ်းသာလိုက်တာ မြေးရယ်၊ ဝမ်းသာလိုက်တာ၊ ဘွား...ဘွား ဘယ်လိုပြောရမှန်း မသိတော့အောင်ကိုပဲကွယ်"

ဘွားယီက သူ့လက်ကို ဆုပ်ကိုင်ကာ အသံတွေပင် တုန်အက်ထစ်ငေါ့လို့နေသည်။ ဒါဟာ ဘွားယီအတောင့်တခဲ့ဆုံး ဆန္ဒတစ်ခုပဲ မဟုတ်ပါလား။ အကြိမ်ကြိမ်အခါခါ တိုက်တွန်းခဲ့တာ သူ့မျက်လုံးတွေကို ကုသဖို့ပင်။ ဘွားယီရဲ့ဆုတောင်းတွေက သူ့ဘဝတစ်သက်တာလုံး မျက်မမြင်ဒုက္ခိတတစ်ယောက်ဘဝနဲ့ မရှင်သန်စေချင်တာပဲ ဖြစ်သည်။

"ဟဲ့...ဝမ်ဟော့ယီ၊ ဝမ်ယီယီတို့ရေ လာကြစမ်း၊ ဒီကို အမြန်လာကြစမ်း"

ဒေါ်ယီပေါ်ရှင်းရဲ့ အော်ခေါ်သံက ဧည့်ခန်းကျယ်ကြီးတစ်ခုလုံး ဟိန်းခနဲ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

"ဟဲ့...ဝမ်ဟော့ယီ"

"....."

"ဝမ်ယီယီ"

ဝမ်းသာပျော်ရွှင်မြူးတူးစွာဖြင့် ဒေါ်ယီပေါ်ရှင်းက သားသမီးနာမည်တွေကို အသံကျယ်ကြီးဖြင့် အော်ခေါ်နေလေသည်။

"ရှင်...မား"

"ကျွန်တော်တို့ကို ခေါ်နေတာလား မား"

"အေး...ဟုတ်တယ်ဟေ့၊ ငါခေါ်နေတာ၊ လာကြ ဒီကိုလာကြ"

ဘွားယီရဲ့အော်ခေါ်သံကြောင့် အပြေးတစ်ပိုင်းရောက်လာကြသည့် ခြေသံတွေနဲ့အတူ အလန့်တကြားထူးသံတွေ.....

ဒါဆို.....

အန်ကယ်ဝမ်ဟော့ယီရော အန်တီဝမ်ယီယီပါ ဧည့်ခန်းထဲကို ရောက်လာကြပြီပေါ့လေ။

ဝမ်ရီပေါ် ဘာမှမပြောဘဲ နှုတ်ခမ်းစိုရဲရဲနုထွေးထွေးကြီးကိုသာ အပြုံးတွေဝေအောင် တန်ဆာဆင်ထားလိုက်မိသည်။

"ထိုင်ကြစမ်း...မင်းတို့ ထိုင်ကြစမ်း၊ မင်းတို့ကို ဝမ်းသာစရာသတင်းပြောမလို့၊ အားလုံး ထိုင်ကြ"

ရင်ခွင်ဟောင်းလေး လှည့်ကြည့်ပါ [Completed]Where stories live. Discover now