Part-4

6.6K 737 5
                                    

ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-4


Zawgyi




"ကြမ်းတိုက်နေတဲ့သူ ဘယ်သူလဲ၊ ဒီကို ခဏလာစမ်း"

"....."

"ဟေ့...ခေါ်နေတာ မကြားဘူးလား"

"....."

ရှောင်ကျန့် အသံမထွက်ရဲ.....

ခေါ်နေသည်က Daddy.....

အခန်းတွေရဲ့အပြင်ဘက် ကြမ်းခင်းတွေကို အဝတ်စလေးနဲ့ ပြောင်လက်နေအောင် လိုက်ပွတ်တိုက်နေတဲ့ ရှောင်ကျန့်ကို မျက်လုံးတွေကွယ်နေသည့် Daddyက မမြင်ပေမယ့် အသံကြားတာမို့ တခြားအလုပ်သမတစ်​ယောက်ဟုထင်ကာ ဘာခိုင်းချင်လို့လဲမသိ ခေါ်နေခြင်းဖြစ်သည်။

"ဟေး...ငါခေါ်နေတယ်လေ၊ ဘာလို့ အသံပြန်မပေးတာလဲ"

Daddyရဲ့ ဒေါသသံကြီးက ဟိန်းခနဲ.....

ကြောက်ဒူးလေးတွေ တဆတ်ဆတ်တုန်ပြီး ကြမ်းပြင်လေးထက်မှာ ဒူးထောက်ထိုင်လျက် မျက်ရည်လေးတွေများ ရစ်ဝဲနေရသူက ရှောင်ကျန့်ရယ်။

ကျီကျဲက သေချာပြောပြသွားခဲ့သည်။ ရှောင်ကျန့်ကို ဘာမှမခိုင်းရဘူးလို့ Daddyက အမိန့်ထုတ်ထားသည်တဲ့။ ဒါပေမဲ့ ကြီးကြီဝမ်က လုံးဝလက်မခံဘဲ စေခိုင်းနေတာဆိုတော့ မတတ်နိုင်ဘူးတဲ့လေ။

ကျီကျဲ စိတ်ညစ်နေတာတွေ့ရတော့ သူ စိတ်မကောင်းဖြစ်ရသည်။ ကျီကျဲခံစားနေရသည့် အခက်အခဲကိုသိလို့ စိတ်မပူပါနဲ့ Daddyမသိ​အောင် လုပ်ပါ့မယ်လို့ ရှောင်ကျန့် ကတိပေးပြီးသားပင်။

ခုတော့ ခိုဝှက်ပြီးအလုပ်,လုပ်နေတဲ့ သူ့ရှေ့ကို Daddyက တည့်တည့်မတ်မတ်ရောက်ကာ ခေါ်နေချေပြီ။ အခန်းတံခါးချပ်တစ်ခု ပွင့်လာတော့ ဘယ်သူများထွက်လာသလဲဆိုပြီး သူကြည့်မိတော့ ဦးဝမ်ရီပေါ်ဆိုသော သူ့ကိုမွေးစားခဲ့သည့် လူကြီးဖြစ်​နေ၏။

ရှောင်ကျန့် မျက်လုံးလေးတွေ ပြူးသွားရသည်။

သို့ပေမယ့် Daddyက မျက်လုံးတွေကွယ်နေတဲ့သူမို့ သူ့ကို မမြင်နိုင်သည်ကြောင့် စိတ်သက်သာရာရပြီး ငြိမ်သက်နေမိ၏။

Daddyက အခန်း​ပေါက်ဘောင်ကို လက်ကလေးနဲ့စမ်းကာ ရပ်ပြီး အပြင်ဘက်က အလုပ်သမားကို လှမ်းခေါ်တော့ သူ ဒုက္ခ​ရောက်ရပြီ။

ရင်ခွင်ဟောင်းလေး လှည့်ကြည့်ပါ [Completed]Where stories live. Discover now