Part-21

6.7K 635 25
                                    

ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-21

Zawgyi


  "ရှောင်ကျန့်"

  ခေါ်သံက နူးနူးညက်ညက်။

  ကုကျားရန်ပြန်ရပြီး အရာအားလုံးကို ပကတိအတိုင်း မြင်နိုင်စွမ်းအားတွေ ပြန်ရသွားတဲ့ Daddyရဲ့စူးရှထက်မြက်သည့် မျက်ဝန်းတွေကို မော့ကြည့်ပြီး စိတ်ထဲ၌ မလုံမလဲဖြစ်မိသလိုလိုပင်။

  "Daddy ကျန့်ကျန့်ကို ဘာခိုင်းမလို့လဲ"

  "ဟင့်အင်း ခိုင်းစရာမရှိပါဘူး၊ ဒါပေမဲ့ ပြောစရာတော့ရှိတယ်"

  ဟုတ်ပါသည်။

  အရင်ကဆို တစ်ဖက်သားရဲ့အကူအညီတဲ့မှ ရပ်တည်နိုင်ခဲ့သော Daddyက မျက်လုံးတွေပြန်မြင်ရပြီးနောက် သူ့အလုပ်တာဝန်တွေကို သူပဲလုပ်သည်မို့ တစ်ခါတစ်ရံ သူပင် ပြုစုလုပ်ကိုင်ပေးရတာ ကြောင်စီစီပင်ဖြစ်နေရသည်။

  "ရှောင်ကျန့်"

  "ဟုတ်ကဲ့ Daddy ပြောပါ၊ ကျန့်ကျန့် နားထောင်နေပါတယ်"

  နားထောင်နေပါတယ်ဆိုမှ စကားစကပြောထွက်ဖို့ ရှာမရ။

  တကယ်ဆို.....

  ရှောင်ကျန့်ကို စကားပြောချင်တာထက် မေးခွန်းတစ်ခုကို သူ မေးချင်တာပင်။ သို့ပေမယ့် သူလေးထံမှ ထွက်ကျလာမည့် အဖြေစကားကို သူ မကြားရဲဟန်။

  ဘာတွေ ကြောက်ရွံ့နေတာလဲ.....

  သူ့ကိုယ်သူလည်း မသိတော့.....

  ရှောင်ကျန့်.....

  အရွယ်ရောက်ပြီလေ။ အခုဆိုလျှင် အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲပင် ဖြေဆိုပြီးပြီ။ စာတော်တဲ့ရှောင်ကျန့်အတွက် အောင်မြင်ဖို့ဆိုတာ မြေကြီးလက်ခတ်မလွဲပေ။ သစ္စာရှိမှု၊ ရိုးသားသေသပ်မှုတွေနဲ့ လိမ္မာရေးခြားရှိသည့် ရှောင်ကျန့်အတွက် အနာဂတ်ပန်းတိုင်က လှပစွာ မြင်တွေ့နေရပြီးသားပင်။

  ဒီလိုကောင်ကလေးအတွက် ကုကျားရန်ဆိုတဲ့ ကောင်ကလေးဟာ သိပ်ကိုလိုက်ဖက်တင့်တယ်သော လူရွယ်ကလေးဖြစ်သည်။ ဘွားယီနဲ့ သူ အခန်းလေးထဲ စီးပွားရေးလုပ်ငန်းအကြောင်း ဆွေးနွေးနေတာ ငြီစီစီဖြစ်လာသဖြင့် ဝရံတာလေးဆီထွက်ပြီး လေညှင်းလေးခံနေတုန်း ခြံရှေ့အမှိုက်ကားဆီ အမှိုက်ထွက်ပစ်သည့် ရှောင်ကျန့်ကို တွေ့လိုက်ရ၏။

ရင်ခွင်ဟောင်းလေး လှည့်ကြည့်ပါ [Completed]Where stories live. Discover now