Part-1

13.7K 1K 29
                                    

ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-1

Zawgyi

"အစ်မကြီး...အစ်မကြီးရယ် ကျွန်မ တောင်းပန်ပါတယ်ရှင်၊ ဒီကောင်ကလေးကို မွေးစားပါအစ်မကြီးရယ်"

"ဟဲ့...ညည်းကို ဘယ်နှခါပြောရမလဲ၊ မမွေးစားပါဘူးလို့ ပြောနေတဲ့ဟာကို ရှုပ်ရှုပ်ယှက်ယှက်တွေအေ"

"မရှုပ်ပါဘူး အစ်မကြီးရယ်၊ သူ့မှာ မိဘတွေနှစ်ယောက်လုံး သေကုန်ကြပြီ၊ ဆွေမျိုးဆိုတာလည်း ဘယ်ဆီနေမှန်းမသိတဲ့ ကောင်ကလေးပါ၊ အိမ်မှာပဲ ဖြစ်ဖြစ်၊ ဆိုင်မှာပဲ ဖြစ်ဖြစ် လက်တိုလက်တောင်းခိုင်းလို့ရတာပေါ့ အစ်မကြီးရယ်၊ စားစရာလေးကျွေးထားပြီး စောင့်ရှောက်ထားရင်ပဲ ကျေနပ်ပါပြီ အစ်မကြီးရယ်၊ ယူပါနော်"

"ဒီမှာ ရှင့်ကိုမမွေးစားနိုင်ပါဘူးလို့ ပြောပြီးပြီလေ၊ သူများတွေ ဈေးရောင်းနေတဲ့ဟာကို မနက်စောစောစီးစီး ကျက်သရေမင်္ဂလာမရှိအောင် ဘာလို့ ကလေးလာမွေးစားဖို့ ပြောနေရတာလဲ၊ သွားစမ်း အခုချက်ချင်း ဆိုင်ထဲကထွက်သွားစမ်း"

"အစ်မကြီးရယ်...သေချာစဉ်းစားပါဦးရှင်၊ ဒီကောင်ကလေးက မခိုမကပ်အလုပ်လုပ်တဲ့ ကောင်ကလေးပါ"

ဒေါ်ကျင်းယုံ ဘယ်လိုပြောပြော ဆိုင်ရှင်က အရေးမလုပ်တော့ဘဲ ဆိုင်အလုပ်သမားတွေဘက်လှည့်ပြီး အံ့ဩမှင်သက်ကာ ငေးကြောင်နေကြသည့် အလုပ်သမားတွေအား စိတ်ဆိုးသောလေသံမာမာနှင့် အော်တော့၏။

"ဟဲ့...နင်တို့ဘာလုပ်နေကြတာလဲ၊ သူတို့ကို မောင်းထုတ်လိုက်ကြလေ၊ ဆိုင်ထဲ ဘာတွေခေါ်သွင်းထားတာလဲ၊ ဈေးအရောင်းအဝယ် မကောင်းရတဲ့အထဲ ဘယ်လိုဟာတွေမှန်းမသိဘူး၊ ကလေး လာမွေးစားခိုင်းရတယ်လို့၊ သွားစမ်း ဆိုင်ထဲကနေမောင်းထုတ်လိုက်ကြစမ်း"

အမိန့်သံကြောင့် ဆိုင်ထဲကအလုပ်သမားတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။

ကြောက်ရတယ်လေ။

ဆိုင်ပိုင်ရှင်သူဌေးရဲ့ အမိန့်ကို မလွန်ဆန်ရဲကြ။

ကလေးမွေးစားဖို့ လိုက်ပေးနေသည့် အမျိုးသမီးကို တစ်ယောက်တစ်ပေါက် အပြစ်တင်ဝေဖန်ကာ ဆိုင်ထဲကနေ ထွက်သွားခိုင်းနေကြ၏။

ရင်ခွင်ဟောင်းလေး လှည့်ကြည့်ပါ [Completed]Where stories live. Discover now