Part-13

5K 584 15
                                    

ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-13


Zawgyi


ကျောင်းခန်းထဲတွင် မုချန်းယီ ပြဿနာလာရှာသွားသောသတင်းက ခဏချင်းဆိုသလို စာသင်ဆောင်တိုင်းတွင် ပျံ့နှံ့လို့ သွား၏။ ကျောင်းသား/ကျောင်းသူတိုင်းရဲ့ ပါးစပ်ဖျားတွင် ရှောင်ကျန့်၏အကြောင်းက ရေပန်းစားနေတော့သည်။

လက်တို့ပြီး ခပ်တိုးတိုး အတင်းပြောသူတွေရှိသလို တချို့စာသင်ခန်းကပင် မယောင်မလည်လေး လာကြည့်သည့်သူတွေပင် ရှိနေခဲ့၏။ ရှောင်ကျန့် နေ့ခင်းမုန့်စားတန်းလွှတ်တာကိုပင် စာသင်ခန်းအပြင်သို့ မထွက်ရဲ။

အိမ်ကနေ ဘာမှမစားလာသည်မို့ ဗိုက်ထဲတွင် တဂွီဂွီတဂွမ်ဂွမ် မြည်နေသည့်တိုင်အောင် အပြင်ကိုမထွက်ချင်သည့်စိတ်ကြောင့် ထိုင်ခုံလေးတွင်သာ မလှုပ်မယှက် ထိုင်နေမိသည်။

"ရှောင်ကျန့်"

ခေါ်သံကြောင့် ရှောင်ကျန့် လှည့်ကြည့်မိတော့ သူနှင့် ရွယ်တူကောင်ကလေးတစ်ယောက်။ ဒီစာသင်ခန်းထဲကပဲလားဆိုတာပင် ရှောင်ကျန့် မသိ။ စာသင်ခန်းထဲသို့ မုချန်းယီရောက်လာခဲ့ပြီး​နောက် အတန်းသူ/အတန်းသား​တွေရဲ့ မျက်နှာတွေကို သူမကြည့်ရဲခဲ့ပေ။

ထို့ကြောင့် ရှောင်ကျန့် သူဘယ်အခန်းကလည်းဆိုတာ မသိ။

"ငါက ဒီအခန်းကပဲလေ၊ ဟိုဘက်အခြမ်းက ထောင့်စွန်းခုံမှာ ငါထိုင်တယ်၊ ငါ့နာမည် ကုကျားရန်"

"ဟုတ်...ဟုတ်ကဲ့"

"မင်း မုန့်စားမသွားဘူးလား ရှောင်ကျန့်"

"ဟင်"

"ဟိုလေ မင်းကိုကြည့်ရတာ ထမင်းချိုင့်လည်းမပါဘူး၊ မနက်ကတည်းက အဆာပြေ ထွက်စားတာလည်းမမြင်ဘူး၊ မင်း ဘာမှမစားဘူးလား ရှောင်ကျန့်"

"ဟင့်အင်း"

"ဟို...ဟိုလေ မင်း စိတ်ညစ်နေလို့ မစားတာလား"

သူ့မေးသံက အားနာပါးနာလေသံမျိုးပင်။ ထူးထူးခြားခြား သူ့ဆီ ကိုယ့်ကိုယ်ကို မိတ်ဆက်လာပြီး ဖော်ဖော်ရွေရွေဖြင့်မေးနေသည့် ကုကျားရန်ဆိုသည့် ကောင်ကလေး။

ရင်ခွင်ဟောင်းလေး လှည့်ကြည့်ပါ [Completed]Where stories live. Discover now