Part-5

6.5K 762 18
                                    

ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-5



Zawgyi


"ကျွေးစရာလုံးဝမလိုဘူးနော် မိကျီ၊ ကျုပ်ပြောထားပြီးသားပဲ အလုပ်မလုပ်ရင် ထမင်းမကျွေးနိုင်ဘူးလို့၊ သွား အခုချက်ချင်း ဒီထမင်းပန်းကန်ကို သွားသွန်ပစ်လိုက်"

ဒေါ်ဝမ်ယီယီရဲ့ စေခိုင်းချက်။

မီးဖိုခန်းလေးထဲတွင် စားပွဲခုံဝိုင်းပုလေးနှင့် ထမင်းထိုင်စားနေသော ရှောင်ကျန့်ရှေ့ကို ဒေါသတကြီးရောက်လာသော ဒေါ်ဝမ်ယီယီတစ်ယောက် စားလက်စထမင်းပန်းကန်ကို ချက်ချင်းပင် သိမ်းခိုင်းနေလေသည်။

သန့်ရှင်းရေးလုပ်ခိုင်းထားတာ မပြီးသေးလို့ပင်။

"ဟဲ့...မိကျီ ဘာလုပ်နေတာလဲ၊ ကျုပ်ခိုင်းတဲ့အတိုင်း လုပ်လေ၊ ဘာလဲ ညည်းကမလုပ်ချင်ဘူးလား"

"မ...မဟုတ်ပါဘူး ကြီးကြီးဝမ်၊ လုပ်ပါ့မယ်"

မိကျီ မနေနိုင်တော့စွာပင် ရှောင်ကျန့်စားနေသော ထမင်းပန်ကန်လေးအား သိမ်းပစ်လိုက်ရလေသည်။

သနားစရာကောင်းတဲ့ ကောင်ကလေး။ မျက်ရည်လေးတွ အဝဲသားနှင့် ကြောက်ရွံ့ကာ ငြိမ်ကုတ်ကုတ်လေးထိုင်နေသည့် ရှောင်ကျန့်ကိုကြည့်ပြီး မိကျီပင် ရင်ထဲနင့်နေအောင် ခံစားနေရ၏။

"ဒီမှာ ရှောင်ကျန့်"

"ဗျာ"

"နင့်ကို ကျုပ်ဘာပြောထားလဲ"

"အလုပ်မပြီးရင် ထမင်းမစားရဘူးလို့ ပြောထားပါတယ် ကြီးကြီးဝမ်"

"အေး...အပေါ်ထပ်ကြမ်းပြင်မှာ အဝတ်စတန်းလန်းကြီးထားခဲ့ပြီး နင် အောက်ကိုဆင်းသွားတာမဟုတ်လား ရှောင်ကျန့်"

ဒါက Daddy​တွေ့သွားပြီး ခေါ်သွားလို့ပါ.....

ကျန့်ကျန့် မလုပ်ချင်လို့ တမင်ထားခဲ့ခြင်းမဟုတ်.....

ဒါကို ဒေါ်ဝမ်ယီယီတွေ့သွားပြီး အလုပ်တစ်ပိုင်းတစ်စနဲ့ အချောင်ခိုထားသွားတယ်ထင်ပြီး ရှောင်ကျန့်ကို အပြစ်တင်နေခြင်းဖြစ်သည်။

"သွား...အခုချက်ချင်း ပြီးအောင်သွားလုပ်၊ ပြီးမှ နင် ထမင်းစားရမယ်"

ရင်ခွင်ဟောင်းလေး လှည့်ကြည့်ပါ [Completed]Where stories live. Discover now