Part-11

5.5K 612 20
                                    

ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-11




Zawgyi


"ရှောင်ကျန့်"

"ရှောင်ကျန့်ရေ"

ခေါ်သံက အလုပ်သမားတန်းလျားရှေ့မှ ဖြစ်သည်။

အိပ်ခန်း​လေးထဲတွင် ဒေါ်ယီပေါ်ရှင်း ဝယ်ချုပ်ပေးထားသော ကျောင်းဝတ်စုံလေးများကို ထုတ်ကြည့်ပြီး မျက်ရည်လေးတွေ စီးကျမတတ် အပျော်လွန်နေသည့် ရှောင်ကျန့်အရှေ့ဘက်ဆီမှ ဝမ်ရီပေါ်ရဲ့ ခေါ်သံလေးကြောင့် ကိုင်ထားသည့် ကျောင်းဝတ်စုံလေးများကို ညင်သာစွာချထားပြီး အပြင်ဘက်သို့ ပြေးထွက်ခဲ့၏။

"Daddy...ကျန့်ကျန့် ဒီမှာ"

အသံလေးပေးလိုက်သည်နှင့် ပြုံးမြသွားသည့် ဝမ်ရီပေါ်ရဲ့ ခန့်ညားချောမွေ့နေသည့် မျက်နှာလေး။ တုတ်ကောက်တစ်ချောင်းနှင့် စမ်းစမ်းထောက်ပြီး လာသည့်ထင်။ အနီးတွင်လည်း မည်သူမှ အဖော်မပါချေ။

"Daddyတစ်ယောက်တည်း ဒီကိုလာတာဟုတ်လား"

ခြံအနောက်ဘက်တွင် အလုပ်သမားတန်းလျားလေးက ရှိနေသည်မို့ တအံ့တဩဖြင့် ရှောင်ကျန့် ပြန်မေးလိုက်မိသည်။

"ဘာလဲ...ကျန့်ကျန့် အံ့ဩသွားတာလား၊ မျက်လုံးတွေမမြင်ရဘဲ ဘယ်လိုလုပ်ပြီး ရောက်လာသလဲဆိုတာ အံ့ဩနေတာလား"

"ဟုတ်တာပေါ့...Daddyရဲ့၊ ဦးလုလည်း ဘေးမှာအဖော်ပါမလာဘူးလေ"

"အဟွန်း...ဟွန်း...ကျန့်ကျန့် မေ့နေပြီထင်တယ်၊ ဒီခြံကြီးက ကိုယ်ရှင်သန်လာတာ နှစ်ပေါင်း(20)ကျော်ပြီဆိုတာလေ"

"ဒါတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့..."

"မျက်လုံးတွေမမြင်ပေမယ့် တခြားအာရုံခံစားမှုနဲ့ စူးစိုက်မှု သိပ်ပြီးကောင်းပါသေးတယ်ကွာ၊ ဖိနပ်ကိုချွတ်လိုက်၊ မြေကိုစမ်းကြည့်လိုက်နဲ့ လာခဲ့တာ ကျန့်ကျန့်ရဲ့၊ ခြံရဲ့အရှေ့ဘက်ခြမ်းမှာက ကားအဝင်အထွက်နဲ့ဆိုတော့ ကွန်ကရစ်အပြည့်ခင်းပြီး မြက်ခင်းပြင်နဲ့ ပန်းပင်တွေက ဘေးဘက်မှာရှိနေတာလေ၊ ခြံနောက်ဘက်ကို သွားတဲ့လမ်းလေးက ကျဉ်းပြီး ဘေးမှာ အပင်ပုလေးတွေ စီစီရီရီစိုက်ထားလို့ မြေသားမွမွ​လေးတွေ ရှိနေတယ်၊ အဲဒါလေးကို ခြေထောက်နဲ့စမ်းစမ်းထိကြည့်ပြီး လျှောက်လာခဲ့တာ၊ ဟောဒီမှာ ကြည့် Daddyရဲ့ခြေထောက်မှာ မြေမှုန်တွေ ကပ်ပြီးပေနေပြီ"

ရင်ခွင်ဟောင်းလေး လှည့်ကြည့်ပါ [Completed]Where stories live. Discover now