Part-2

9.3K 851 17
                                    

ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-2

Zawgyi




"ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး ဝမ်ရီပေါ်၊ မင်း...မင်း ဘာတွေလျှောက်လုပ်လာတာလဲ၊ ဒီကောင်ကလေးကို မွေးစားမယ် ဟုတ်လား၊ မင်းကမွေးစားမယ်၊ ဟင်း...ဟင်း အဓိပ္ပါယ်ရှိတဲ့စကားကို ပြောပါကွာ၊ ဖြစ်နိုင်တာကိုပဲ မင်းပြောစမ်းပါ"

စပြီးတိုက်စစ်ဆင်သည်က ဒေါ်လေး ဝမ်ယီယီ။

ဝမ်ရီပေါ်.....

အရာအားလုံး တွက်ထားပြီးသားပါ။

ဘယ်သူမှ လက်ခံပေးကြမည်မဟုတ်ဘူးဆိုတာ ဝမ်ရီပေါ် သိပြီးသားပဲ။

သို့ပေမယ့် ဝမ်ရီပေါ်ခေါင်းထဲမှာ သိပ်မထည့်ထားခဲ့ချေ။

သူ...ဆုံးဖြတ်ပြီးသား။

ရှောင်ကျန့်ဆိုတဲ့ ကောင်ကလေးကို မွေးစားဖို့ ဒေါ်ကျင်းယုံဆိုတဲ့ အမျိုးသမီးဆီက သူခေါ်လာခဲ့ပြီးပြီ။

ငိုရှိုက်သံလေး။

ရှောင်ကျန့်ဆိုတဲ့ ကောင်ကလေးရဲ့ ငိုရှိုက်သံလေး။

ကြားလိုက်ရတဲ့ခဏ ဝမ်ရီပေါ်ရဲ့စိတ်တွေထဲမှာ သနားကရုဏာတက်ခြင်းတွေက အတားအဆီးမဲ့ တိုးဝင်လာတာကို သတိမပြုဘဲမှ မနေနိုင်တော့တာ။

"မဖြစ်နိုင်ဘူးဆိုတာ ရှိမှမရှိတာပဲ၊ ဝမ်ရီပေါ်က ဖြစ်နိုင်လို့ ဒီကောင်ကလေးကို ဒီအထိခေါ်လာခဲ့တာပေါ့"

"နေစမ်းပါဦး...ဝမ်ရီပေါ်၊ မင်းက အခုကိစ္စကို ပေါ့ပေါ့လေးတွေးထင်လိုက်တာလား၊ မင်းလို မြင်မမြင်ဒုက္ခိတတစ်ယောက်မပြောနဲ့ လူကောင်းတွေတောင် ကလေးတစ်ယောက် မွေးစားဖို့ဆိုတာ တော်တော်ကြီးစဉ်းစားရတာကွ"

"ဝမ်ယီယီ"

ဒေါ်ယီပေါ်ရှင်းရဲ့ တားဆီးသံက ကြီးမားကျယ်ဝန်းကာ ခမ်းနားလွန်းသော မင်္ဂလာဧည့်ခန်းဆောင်ကြီးထဲတွင် ဟိန်းခနဲ ထွက်​ပေါ်သွားတော့သည်။

"မားက ယီယီပြောရင်လည်း စိတ်ဆိုးဦးမယ်၊ မားရဲ့​မြေး လုပ်တဲ့ပုံစံကိုက ဟုတ်မှမဟုတ်တာ"

"တော်တော့ ဝမ်ယီယီ၊ အခုကိစ္စကို မားရှင်းမယ်၊ ညည်း ဘာမှဝင်မပြောနဲ့"

ရင်ခွင်ဟောင်းလေး လှည့်ကြည့်ပါ [Completed]Where stories live. Discover now