Part-7

6.1K 681 18
                                    

ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-7

Zawgyi



"Daddy...နိုးပြီလား"

"ဟင်...ကျန့်...ကျန့်ကျန့်လား"

"ဟုတ်တယ် Daddy ကျန့်ကျန့်ပါ၊ Daddyအိပ်ပျော်နေလို့ ကျန့်ကျန့် ထိုင်စောင့်နေတာ"

ထိုင်စောင့်နေတာတဲ့.....

ဒါဆို ဒီကောင်ကလေး နိုးနေတာကြာပြီဆိုတဲ့ သဘောပေါ့.....

"ဘယ်နှနာရီထိုးနေပြီလဲ...ကျန့်ကျန့်"

"8:00ထိုးဖို့ 10မိနစ် Daddy"

"နေတော်တော်မြင့်နေပြီပဲ၊ ညက တော်တော်နဲ့အိပ်မပျော်ဘူးကွ၊ ဒါကြောင့် အိပ်ရာထနောက်ကျသွားတာ၊ ဒါနဲ့ မင်း ဘယ်အချိန်ကတည်းက အိပ်ရာကနိုးတာလဲ ကျန့်ကျန့်"

"5:30"

"ဟင်...အစောကြီးနိုးတာပဲ၊ ဘာဖြစ်လို့ အစောကြီးထတာလဲ ကျန့်ကျန့်ရဲ့၊ ဘာအလုပ်မှမရှိတဲ့ဟာကို အိပ်ရေးဝဝအိပ်ရောပေါ့"

"ကျန့်ကျန့်က ရွာမှာဆိုလည်း အဲဒီအချိန်ပဲ အမြဲတမ်း အိပ်ရာကထနေကျ Daddyရဲ့၊ ကျောင်းက မနက်ပိုင်းတက်ရတာဆိုတော့ အိပ်ရာက စောစောထဖြစ်တယ်လေ၊ ကျန့်ကျန့် အလုပ်ပြီးတာနဲ့ အိမ်သန့်ရှင်းရေးလုပ်တယ်၊ ပြီးရင် ထမင်းချက်တယ်၊ ထမင်းချက်ပြီးတော့မှ ပါပါးကိုနှိုးပြီး ဈေးသွားဝယ်ဖို့ ပိုက်ဆံတောင်းတာ၊ ဟင်းချက်စရာတောင်းကိုချပြီးတော့မှ ဝယ်လာတဲ့ခေါက်ဆွဲတစ်ပွဲကို ထမင်းထည့်ပြီး ပါပါးနဲ့ကျန့်ကျန့် တစ်ယောက်တစ်ဝက်စားကြတယ်​လေ၊ ပြီးမှ ကျန့်ကျန့် ကျောင်းသွားတာ၊ ဟင်းကတော့ ပါပါးချက်တာ များပါတယ်၊ Busစပါယ်ယာမလိုက်ခင် ချက်ခဲ့တယ်လေ၊ ဒါမှ ကျောင်းဆင်းရင် ကျန့်ကျန့် အိမ်ပြန်ထမင်းစားလို့ရမှာကို Daddyရဲ့၊ ဒါကြောင့် ဘယ်လောက်ပဲ ညဥ့်နက်မှအိပ်အိပ် မနက်တော့ အစောကြီးနိုးတတ်တယ်၊ အကျင့်ဖြစ်နေပြီ"

ရှောင်ကျန့်ဆိုတဲ့ ကောင်ကလေးက ပေါ့ပေါ့ပါးပါးလေး ​ပြောပြနေသလောက် သူကလေး ဖြစ်သန်းလာခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းသောဘဝလေးကို အာရုံထဲ ပုံဖော်မြင်ယောင်ကြည့်ကာ သနားကရုဏာသက်​နေမိသည်။

ရင်ခွင်ဟောင်းလေး လှည့်ကြည့်ပါ [Completed]Where stories live. Discover now