Part-6

6.4K 734 19
                                    

ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-6

Zawgyi

"Dad...Daddy၊ ဒီ...ဒီခြံကြီးက Daddyပိုင်တာလားဟင်"

"ဒါပေါ့...ရှောင်ကျန့်ရဲ့ Daddyပိုင်တာပေါ့၊ Daddyကို Daddyရဲ့ပါပါးက နွေရာသီကျရင် လာအပန်းဖြေဖို့ သီးသန့်လေးဆောက်ပေးထားခဲ့တာ၊ Daddyငယ်ငယ်တုန်းကဆို Daddyရဲ့မိဘ​တွေနဲ့ ဒီခြံထဲကို ခဏခဏလာနေဖူးတယ်လေ"

"ဟင်...ခြံကြီးကကျယ်လိုက်တာ၊ သစ်ပင်ကြီးတွေကလည်း အကြီးကြီးပဲ၊ ရွာမှာဆို ဒီလိုခြံကျယ်ကြီးတွေရှိတယ်၊ အရိပ်ရပြီး အေးနေတာပဲသိလား Daddy"

"ဒီခြံကြီးကို ရှောင်ကျန့် သဘောကျလား"

"ကျတာပေါ့ Daddyရဲ့၊ ခြံထဲမှာလည်း ရောင်စုံပန်းပွင့်လေးတွေ စိုက်ထားတာ အများကြီးပဲ၊ လှလိုက်တာ၊ ကျန့်ကျန့် တစ်ပွင့်လောက်ခူးချင်တယ်"

"သွားခူးလေ...ရှောင်ကျန့်ရဲ့ တစ်ပွင့်မဟုတ်ဘူး၊ ရှောင်ကျန့် ကြိုက်သလောက်ခူး"

"ဟေး..."

သူ့ရဲ့ခွင့်ပြုချက်ကြောင့် ရှောင်ကျန့်ဆိုတဲ့ ကောင်ကလေးလေးထံမှ ဝမ်းသာအားရ​အော်ဟစ်သံလေး ထွက်လာ၏။

ပြီးနောက် ဆုပ်ကိုင်ထားသော သူ့လက်ထဲမှ ကောင်ကလေးလက်ကလေး ရုန်းထွက်ကာ အနားကနေ ပြေးထွက်သွားသည့် ခြေသံကြားရသည်။

ရီပေါ် ကြည်နူးစွာပင် ပြုံးလိုက်မိ၏။

ခြောက်သွေ့ကာ အဖော်မဲ့အထီးကျန်နေသော သူ့ဘဝမှာ ရှောင်ကျန့်ဆိုတဲ့ ကလေးလေးက တကယ့်ကို အိုအေစစ်လေးပင်။

အန်တီလေးဝမ်ယီယီနဲ့ ပတ်သက်ပြီး ဝမ်စံအိမ်ခြံတော်ကြီးထဲတွင် အကြီးအကျယ် ပြဿနာတွေတက်ခဲ့ကြသည်။ ရှောင်ကျန့်ကို ဘာမှမခိုင်းပါနဲ့လို့ မှာထားပါလျက်နဲ့ ကလေးနဲ့မလိုက်အောင် စေခိုင်းခဲ့သည့်အတွက်ပင်။

မိကျီရဲ့စကားအရ ရှောင်ကျန့်ကို မနက်စာပင် မကျွေးဘူးတဲ့.....

အလုပ်မပြီးမချင်း ဘာမှမကျွေးနိုင်ဘူးဟု အန်တီဝမ်ယီယီ ခိုင်းခဲ့သည်တဲ့.....

သူ ဘယ်လိုမှ သည်းမခံနိုင်.....

ဘွားယီဆီ ထိုသတင်းရောက်သွားတော့ သူ့ရဲ့ဆန္ဒတွေကို မလွန်ဆန်နိုင်တော့ဘဲ နောက်ဆုံး နွေအိမ်စံတွင်ပြောင်းနေဖို့ ခွင့်ပြုခဲ့ရ၏။ သူ့နှင့်အတူ အဖော်အဖြစ် မောင်လု၊ မောင်လုရဲ့ဇနီး ဖေးလီနှင့် အိမ်အကူကောင်မလေး မိကျီ ပါလာကြ​လေသည်။

ရင်ခွင်ဟောင်းလေး လှည့်ကြည့်ပါ [Completed]Where stories live. Discover now