Part-14

4.9K 533 32
                                    

ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep- 14

Zawgyi

Beijingမြို့လယ်ခေါင် ဈေးတန်းကြီးထဲ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မွေးစားဖို့လိုက်ပေးခြင်းခံရသည့် ရှောင်ကျန့်ဆိုတဲ့ ကောင်ကလေးရဲ့ဘဝက မျက်မမြင်ဒုက္ခိတ သူဌေးဝမ်ရီပေါ်ရဲ့ လက်ထဲရောက်ကာ နွေးထွေးလုံခြုံသော အမ်ုးအရိပ်လေးအောက်တွင် မှီခိုနေထိုင်ခွင့်ရခဲ့လေသည်။

နေရေးစားရေး ပြည့်စုံရုံတင်မက အဝတ်အစားကအစ ပညာရေးကအဆုံး လိုလေသေးမရှိအောင် အစစအရာရာ ဖြည့်ဆည်းပေးခဲ့သော ဝမ်ရီပေါ်ကြောင့် ရှောင်ကျန့်ရဲ့အနာဂတ်က အေးမြခဲ့ရ၏။

ဘယ်သူတွေကြည်ဖြူခြင်း မရှိနေပါစေ ဘယ်သူတွေ အလိုမရှိရင်နေပါစေ ရှေ့ကနေ မားမားမတ်မတ်ရပ်ကာ စောင့်ရှောက်ကာကွယ်ခဲ့သည့် ဝမ်ရီပေါ်ရဲ့ ကျေးဇူးကြောင့် ရှောင်ကျန့် စိတ်ရှုပ်ထွေးမှုတွေကြားမှပင် ကောင်းမွန်စွာ ရှင်သန်ရပ်တည်နိုင်ခဲ့သည်။

မုရှင်းယီနှင့် မုချန်းယီတို့မိသားစု ဘယ်လိုပင် နှိမ်ချဆက်ဆံနေနေ၊ ဝမ်ရှုယဉ်ရဲ့ ပညာသားပါပါ စေခိုင်းသောအလုပ်တွေကို လုပ်ကိုင်ပေးနေရင်း အတန်းပညာကို အကောင်းဆုံး အောင်မြင်မှုများနှင့် ရှောင်ကျန့် တစ်နှစ်ပြီးတစ်နှစ် ဆက်တက်နိုင်ခဲ့၏။ ခုဆိုရင် ရှောင်ကျန့် အထက်တန်းနောက်ဆုံးနှစ်ပင် ဖြစ်နေချေပြီ။ ပညာရေးနဲ့ပတ်သက်ပြီး ဝမ်ရီပေါ်က အကောင်းဆုံး ပံ့ပိုးပေးခဲ့၏။

"ငကျန့်"

"ငကျန့်ရေ..."

စာအုပ်လေးဖွင့်ကာ စာကျက်နေသော ရှောင်ကျန့်တစ်ယောက် အလုပ်သမားတန်းလျားရှေ့တွင် သူ့နာမည်ကို တကြော်ကြော်အော်ခေါ်နေသည့် အသံကြောင့် စာအုပ်ပေိတ်ကာ စာရေးစားပွဲမှ ကပျာကယာ ထလိုက်လေသည်။

"လာပြီ...လာပြီ"

"အသံကိုထားပြီး လူချက်ချင်းလာစမ်း ငကျန့်"

လေသံကတင်းနေသလို မျက်နှာကလည်း တည်လွန်းနေ၏။ ရှောင်ကျန့် အပြေးတစ်ပိုင်းထွက်ကာ အနားကို ရောက်သွားတာပင် မျက်နှာကမကြည်။

"ရှုကျဲ ကျန့်ကျန့်ကို ဘာခိုင်းမလို့လဲဟင်"

"ဘာမှမခိုင်းဘူး၊ နင့်ကို ဘွားယီခေါ်ခိုင်းလို့ လာခေါ်တာ၊ ချက်ချင်းလိုက်ခဲ့၊ ပြဿနာကောင်လေး"

ရင်ခွင်ဟောင်းလေး လှည့်ကြည့်ပါ [Completed]Where stories live. Discover now