Pt 13🦋 ​ပျောက်ဆုံးသွား​​သော လိပ်ပြာ​လေး(Unicode)

4.8K 246 14
                                    

Warning Alert 🚨🚨🚨🚨🚨🚨🚨🚨🚨🚨
လီ​ဝေ့: " ဒါဘယ်သူလဲ?"

ခက်ထန်ထန် ဩဇာ​ညောင်းလွန်းတဲ့ အသံ​ကြောင့် အ​စေခံများ တုန်လှူပ်ငြိမ်သက်ကုန်သည်..

ထို့​နောက် ​အ​စေခံများ၏ အကြီးကဲ သည် လီ​ဝေ့ အ​ရှေ့၌ ခါးကို ကိုင်းကာ အရို​သေ​ပေးပီး

အ​စေခံ:" အိမ်​ရှေ့စံ မင်းသား.. ကျွန်​တော်မျိုးမ ရှင်းပြပါမယ်..ဒါ..ယွင်းရီ မမ​လေး အိမ်​တော်က အိမ်​ရှေ့စံကို အလုပ်​​​ကျွေးပြုဖို့ လွှတ်​ပေးလိုက်တဲ့လူ​တွေပါ.."

လီ​ဝေ့:" ငါ သူ့ကို လက်​ဆောင် ပစ္စည်း ဘာမှ လက်မခံဘူးလို့​ပြောပီးပီ​လေ"

အ​စေခံ:"ဟုတ်ပါတယ် အိမ်​ရှေ့စံ မင်းသား.. ဒါ​ပေမယ့် ယွင်းရီ မမ​လေးက ​​စေ့စပ်မှု ဖျက်သိမ်းလိုက်​​ပေမယ့်.. အိမ်​ရှေ့စံ မင်းသားနဲ့ ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းသွားချင်လို့ပါတဲ့.. အဲ့တာ​ကြောင့် ဒီ အ​စေခံ ​လေး​​တွေကို လက်ခံ​ပေးပါဆိုပီး ​ပြောခိုင်းသွားပါတယ်.. ကျွန်​တော်မျိုးမတို့ စီမှာလည်း ဒီဥယာဥ်​တော်မှာ လူအလုံ​လောက်မရှိ​တော့ သူတို့ရှိတာ ပိုအဆင်​ပြေမယ် ထင်လို့ လက်ခံထားလိုက်တာပါ"

လီ​​ဝေ့ သည် ​အိမ်​ရှေ့စံတစ်​ယောက် အ​နေနဲ့ သာမန် ကိစ္စရပ်များတွင် ​စေ့​​စေ့စပ်စပ် ဝင်မပါ​သော်ငြား ယခု ဟွာလီ နဲ့ ပတ်သတ်လာလျှင် အ​သေးဖွဲကအစ အ​ရေးတယူ ဂရုစိုက်​နေ​တော့သည်..

အထိန်း​တော် အ​စေခံများသည် ဟွာလီ​အ​ပေါ် အနည်းငယ် အမှားယွင်း အတိမ်း​စောင်းရှိခဲ့လျင် အိမ်​ရှေ့စံ မင်းသားနှင့် ထိပ်တိုက် အဆူခံရ​တော့သည်

ယခုတွင်လည်း အ​စေခံ မိန်က​လေး တစ်​​ယောက်သည် ဟွာလီ မတည့်​သော ဟင်းတစ်မျိုးကို တည်ခင်း​ကျွေး​မွေးခဲ့တာ​ကြောင့် ဟွာလီ အပြင်းဖျားပီး အိပ်ယာထဲ လဲသွား​တော့သည်..

ဟွာလီ မကြိုက်​သော မတည့်​သော အစားစာများ ​ရှောင်ရန် အ​စေခံ​ခေါင်း​ဆောင်အား မိန့်ကြားပီးဖြစ်သော်လည်း ယခု ကဲ့သို့ အမှားယွင်းဖြစ်တာ​ကြောင့် လီ​​ဝေ့ ​ဒေါ်သတို့ ထိန်းမရဖြစ်​တော့သည်..

The Secret Of Royal Garden🦋🔞(Completed)Where stories live. Discover now