Pt 19 🦋 (​မြေခ ခဲ့​သော ချယ်ရီပန်းများ🔞)Zawgyi

1.3K 79 8
                                    

Warning alert 🔞⚠️

"ရင်း" သည် အ​လောတကုတ် ချယ်ရီပန်းဥယာဉ်အိပ်​​ဆောင်သို့​ပြေးဝင်လာ​တော့သည်။

" လီ​ဝေ့..ပြန်..ပြန်​တွေ့ပီဆို?"

အော်ကြီးဟစ်ကျယ် အ​လောသုံးဆယ် ​မေး​​လေ​တော့ရာ..လီ​ဝေ့သာ အမြန် ပါးစပ်ကို မပိတ်လိုက်လျင် ဟွာလီ လန့်လို့ နိုးလာလိမ့်မည်ပင်။

"ရင်း" သည် အ​ခြေ​နေကို လျင်မြန်စွာ အကဲခက်ကာ သိရှိသွားပီး..လီ​ဝေ့အား မိမိပါးစပ်ကိုပိတ်ထား​သော လက်ကိုပင် ဖယ်​ပေးဖို့ အချက်ပြလိုက်သည်။

ထို့​နောက် ဟွာလီ​ဘေးတွင် ထိုင်ကာ ပြုစု​ပေး​နေ​သော လူတစ်​ယောက်ကို သတိထားမိလိုက်ပါ၏။

သိချင်စိတ်က လျှံထွက်​နေလျက်.. လီ​ဝေ့ကိုပင် လက်တို့ပီး ​မေးရ​တော့သည်။

" ​ဟေး..အဲ့ဒီက ပြုစု​ပေး​နေတဲ့ အလှ​လေးက ဘယ်သူတုန်း?"

အလှ​လေးဟူ​သော စကားလုံးကိုပင် ရှင်းဖု ကြားလိုက်ရသည့်အခါ နောက်​ကျော​ပေး​ ထိုင်နေခဲ့တာသာ မဟုတ်လျင် ရှင်းဖု ပါးနှစ်ဖက်စလုံး နီရဲသွားတာကို မြင်သွားမည်ပင်။ ကံ​ကောင်းတာက အ​နောက်မှာရှိ​နေ​သော လီ​ဝေ့​ရော "ရင်း" ပါ သတိမထားမိခဲ့ကြ။

လီ​ဝေ့သည် "ရင်း" အား အခန်းပြင်သို့​ခေါ်ထုတ်သွားပီး အ​ကြောင်းစုံရှင်းပြရ​တော့သည်။

"ရင်း" သည် နား​ထောင်ရင်းဖြင့် ​ဒေါသထွက်လာရကာ

" မင်းပြောသလိုဆို အဲ့ဒီ လူသတ်သမားနှစ်​ယောက်က အခုထိ လွတ်​နေတုန်းပဲ​ပေါ့..

ငါ ဆက်စုံစမ်းလိုက်မယ်.. ငါ့ကို သမား​တော်​လေးနဲ့ ခန စကား​ပြောခွင့်ပေး.."

လီ​ဝေ့ သည် မသင်္ကာ​သော မျက်လုံးတို့ဖြင့်ကြည့်လာတာ​ကြောင့် "ရင်း" မှာ အမြန်​ဖြေရှင်းချက်ထုတ်ရ​တော့သည်..

" အ..အာ..ငါ..အလုပ်နဲ့ ကိုယ်​ရေးကိုယ်တာ​တော့ ခွဲခြားတတ်ပါတယ်ကွာ.. အဲ့အလှ​လေးက နည်းနည်းစိတ်ဝင်စား​ဖို့ကောင်း​ပေမယ့် သူက မျက်မြင်သက်​သေ​လေကွာ.. ငါ​မေးမြန်းရဦးမှာ​ပေါ့"

ထိုစကားသည် တစ်ဝက် အမှန်တရား တစ်ဝက် မုသားဆိုတာ "ရင်း" သာ သိ​​ပေလိမ့်မည်။

The Secret Of Royal Garden🦋🔞(Completed)Where stories live. Discover now