Pt 20 🦋 (ထာဝရ​ပျောက်ကွယ်မည့်ရှင်သန်ခြင်း) Unicode

2.8K 187 23
                                    

.
~~ ဟွာလီရဲ့ ပါးပြင်နုနု​လေးတွင် ပူ​​​ဆွေးမျက်ရည်များက စီး​ကျ​နေသည်မှာ ဆည်​ရေကန် တာကျိုး​နေသည့်အလား..

လီ​ဝေ့သည် စိုးရိမ်စွာ​မေးလိုက်ပါ၏။

"ဟွာလီ..ဘာလို့ငို​နေတာလဲ"

တစ်ဦးတည်း​သောသူ​​လေး ရဲ့ မျက်ရည်များကို သုတ်​ပေးကာ ​ထွေး​ပွေ့ချင်​သောစိတ်ဖြင့် ဟွာလီရဲ့လက်အား လှမ်းဆွဲလိုက်ပါသည်။

သို့​သော် ချစ်ရသူရဲ့ ​လက်က​လေးကို အဘယ်နည်းနှင့်မှ ဆုပ်ကိုင်၍မရ။ လီ​ဝေ့ ကြိုးစားကာဖမ်းဆွဲ​​နေပါ​သော ဟွာလီလက်က​လေး​လေးကို ထုတ်ချွင်း​သာပေါက်လျက် ​လေထုကိုသာ အကြိမ်ကြိမ်ဆုပ်ကိုင်​နေမိ၏။

လီ​ဝေ့သည် နှလုံးသည်းပွတ်တို့ ​မီးမြိုက်ခံ​နေရသလို ပူ​လောင်​နေပီး။ ဘယ်ဘုံကမှန်းမသိ​ရောက်လာ​သော မျက်ရည်စများက မျက်ဝန်း​ထောင့်စွန်းတို့၌ ဖြစ်တည်လာရကာ ပါးပြင်တစ်လျှောက်စီးကျလာ​တော့သည်။

ထိုစဥ် ဟွာလီ စကားဆိုလာ၏။

"မရဘူး.."

လီ​ဝေ့သည် ထိတ်လန့်စိုးရိမ်စွာ..

"ဘာ..ဘာလို့လည်း.. ကိုယ့်စီလာပါ က​လေးရယ်..ကိုယ့်စီလာ​လေ​​နော်.."

ဟွာလီသည် တုန်ရီ​နေပါ​သော အသံဖြင့်..

" ဟွာလီ..သွားရ​တော့မယ် "

တစ်ချိန်ထဲမှာပင် တာကျိုးလာ​သော မျက်ရည်များနှင့်အတူ ဟွာလီရဲ့ ခန္ဓါကိုယ်​လေးသည်လည်း တဖြည်းဖြည်း​​မှေးမှိန်လာရကာ ​ပျောက်ကွယ်လုစဲအခိုက်တန့်၌ လီ​ဝေ့သည် အမှီ​ လှမ်းကာ ​ပွေ့ဖက်လိုက်ပါ၏။

သို့​သော်ငြား.. လီ​ဝေ့ရင်ခွင်ထဲမ​ရောက်ခင် ဟွာလီသည် ရာချီ​သော လင်းလက်​​နေသည့် ​ငွေ​ရောင်​ လိပ်ပြာ​လေးများအဖြစ်သို့​ပြောင်းလဲသွားကာ ​ကောင်းကင်သို့ ​လေ​ပြေနှင့်အတူပျံတက်သွား​သော ထိုလိပ်ပြာ​လေးများအသွင်ဖြင့် ပျောက်ကွယ်သွား​လေ​တော့သည်။

​လီ​ဝေ့သည် ထိုမြင်ကွင်းကိုမြင်လိုက်ရပီး အခိုက်တန့်တွင် ဒူး​ထောက်လဲကျ.. ​​မြေပြင်နှင့် ဦးခေါင်းကိုတိုက်လျက် သွေးရူးတန်းရူး စတင် ငို​ကြွေး​လေပြီး..

The Secret Of Royal Garden🦋🔞(Completed)Where stories live. Discover now