လီဝေ့က ရုတ်တရက် လိပ်ပြာအမှတ်ကို နမ်းလိုက်တော့.....
ကောင်လေးမှာ မျက်လုံးပြူး
မျက်စံပြူးတွေဖြစ်ကာ...
လီဝေ့ ကိုအတင်းတွန်းထုတ်လိုက်တော့သည်....
သို့သော် အရမ်းနောက်ကျသွားပီ...
အခု ကောင်လေးဟာ လီဝေ့ အပိုင်ဖြစ်သွားပီ....ကောင်လေး စကားပြောဖို့ကြံတုန်း...
လည်ပင်းပေါ်က လိပ်ပြာအမှတ်လေး အဖြူရောင်အလင်းရောင်တွေတောက်လာပီး ပြန်ငြိမ်းသွားချင်းပဲ...
ကောင်လေးလဲ မေ့လဲသွားလေသည်....
.
.
.
နောက်နေ့မနက်.....
- "သူနိုးပီလား??"~ " ခုနကထိတော့ မနိုးသေးပါဘူးရှင်.. အခုထပ်သွား
ကြည့်လိုက်ပါ့မယ်.. "- "ထားလိုက်တော့..ငါကိုယ်တိုင်ပဲ သွားကြည့်လိုက်မယ်"
စကားသံတွေကြောင့်...ကောင်လေး မျက်လုံးလေးအနည်းငယ်ပွင့်လာသည်...ဘေးကို ခေါင်းလေးအနည်းငယ်
စောင်းလိုက်တော့... မှုန်ဝါးဝါးနှင့် သူ့စီ လမ်းလျောက်လာနေသော ယောက်ျားတစ်ဦး..ဘေးက အစေခံတစ်ယောက် ကိုမြင်နေရသည်...တစ်ဖြည်းဖြည်းအနားရောက်လာတော့... ထိုယောက်ျားက သူ့ဘေးတွင်ထိုင်လိုက်ကာ...ယောက်ျားပီသပီး ညှင်သာသော အသံဖြင့်...
- "နိုးပီလား...?"ကောင်လေး တဖြည်းဖြည်း အမြင်ရှင်းလာတော့မှ
သေချာကြည့်လိုက်တော့ ...အတွေးထဲမှာ - "ဟင်..ညကလူ!...ပီးတော့ ငါဘယ်မှာတုန်း??.....လှောင်ချိုင့်တော့ မဟုတ်သလိုပဲ"....
ကောင်လေး ဖြည်းဖြည်းချင်း ထထိုင်လိုက်ပီး...အသံတိုးတိုးလေးနဲ့...
ကောင်လေး: "ကျွန်တော်ဘယ်ရောက်နေတာလဲ?"
လီဝေ့: "စိတ်မပူပါနဲ့...ဒါငါ့အိပ်ဆောင်ပါ..."
"စိတ်မပူပါနဲ့"လို့ပြောလိုက်သော်ညားလည်း...ကောင်လေး ပိုစိတ်ပူသွားသည်...
အတွေးထဲမှာ- "အိပ်ဆောင်!!..ငါလှောင်ချိုင့်ထဲမှာ ရှိနေရမှာမဟုတ်ဘူးလား..."
ပီးတော့မှ ညတုန်းက ဖြစ်စဉ်အကုန် ပြန်သတိရသွားပီး
ကောင်လေး: "ခင်ဗျား... ခင်ဗျား..ညကကျွန်တော်ကို ဘာလုပ်လိုက်တာလဲ??"...မျက်လုံးပြူး မျက်စံပြူး ထအော်ပြန်လေရော..
YOU ARE READING
The Secret Of Royal Garden🦋🔞(Completed)
Historical Fictionမိခင်မေတ္တာ အပြည့်ဝမရခဲ့သော မင်းသား လီဝေ့..... ဖခင်ဖြစ်သူရဲ့ ဆန္ဒအတိုင်း စစ်ရေးစစ်ရာ တွေသာသင်ကြားရင်း.....တစ်နေ့......ဝါသနာပါသောစာပေကိုလေ့လာဖို့..မိခင်နေထိုင်ခဲ့သောချယ်ရီပန်းဥယျာဉ်တော် အဆောင်တွင်နေထိုင်စဉ်.... ထိုဥယျာဉ်တော်ကြီးရဲ့ လျှို့ဝှ...