Pt 15🦋( ချယ်ရီဥယာဉ်တော်ရဲ့ Real Secret)Zawgyi

1.7K 74 11
                                    

* ၂ လ ခန့်ကြာ​သော် *

(​ဈေးထဲတွင် တီးတိုး ​ပြောသံများ)

- ဟဲ့..ဟဲ့..သတင်းထူး..!!

-​ဟေ..ဘာတုန်း ​ပြောပါဦး..

- ငါ့မိတ်​ဆွေတစ်​​ယောက်က နန်းတွင်းအမှုထမ်းဝင်​လေ... အဲ့တာ သူ​ပြောပြတာ.. နယ်စပ်က ကုန်ပစ္စည်း​တွေ​မှောင်ခို လုတဲ့ ဓါးပြ​တွေက ယွင်း အိမ်​တော်ရဲ့ လက်ချက်တဲ့..

-ဟက်..ညည်း​ပေါက်​ပေါက်ရှာရှာ​အေ..​သေချာလို့​လား.. ​တော်ကြာ  မဟုတ်သတင်း​တေလုပ်ကြံ​ပြောတယ်ဆိုပီး ​ခေါင်းဖြတ်ခံ​နေရပါဦးမယ်ဟယ်..

- ဟာာ..ငါမ​သေချာပဲ ​ပြောပါ့မလားဟ!!

- နင် ​သေချာတယ်​ပေါ့..

-​အေးဆို..!!

- အက်တာဆို အိမ်​ရှေ့စံနဲ့ ယွင်းအိမ်​တော်က မမ​လေး ရဲ့ ​စေ့စပ်ပွဲက ဘယ်လိုဖြစ်မှာတဲ့လဲ..

- ဟဲ့..​မေးစရာ​တောင်လို​သေးလို့လား.. ​သေချာ​ပေါက် ပျက်ပြီ​ပေါ့...။

(​​​ဆောင်ကြာမြိုင်တွင်)

- ​ဟေး!..မိန်းမတို့ မိန်းမတို့ သိပီးပီလား.. ​တော်ဝင်ဥယာဉ်​တော်က အိမ်​ရှေ့စံရဲ့ လျှို့ဝှက် ချစ်သူဆိုတာ​လေ

- ဘာတုန်း ဟဲ့..စိတ်ဝင်စားတယ် ​ပြောပြဦး!

- ခုနက ငါပြုစု​ပေးလိုက်တဲ့ သခင်​လေး​ပြောပြတာ.. အိမ်​ရှေ့စံမင်းသား​က ​သူ့မယ်​တော်ရဲ့ အ​မွေနှစ်ဖြစ်တဲ့ ​​တော်ဝင်နန်း​တော်မှာ အပန်း​​ဖြေ​နေတဲ့အချိန်
အချစ်ဇာတ်လမ်း​လေး​တွေ ရှိခဲ့တယ်တဲ့

အဲ့ဒီ ဥယာဉ်ကြီးကို ​စောင့်​ရှောက်တဲ့ အရမ်းလှပတဲ့ နတ်သမီး​လေးက တစ်​နေ့ ​ကြာ​ရေကန်မှာ ​ရေဆင်းချိုး​နေတဲ့အချိန် အိမ်​ရှေ့စံမင်းသားက အရမ်း​​​ကြွေပီး အမိ အရဖမ်းလိုက်တာဆိုပဲ..

- အိုက်ယား!!! တချို့​ဆို​ပြောတာ.. အဲ့ဒီ နိမိတ်မယ်​​လေးနဲ့ အိမ်​ရှေ့စံ အခန်းထဲက မထွက်တာ ၃ရက် တိတိလို့​ပြောတယ်..

- တကယ်သာဆိုလို့က​တော့.. ​တော်ဝင်လျှို့ဝှက် အချစ် ဇာတ်လမ်း​လေး..hee hee..

- ဟယ်..ဘယ်လိုမဖြစ်နိုင်တာ​တွေ စိတ်ကူးယဉ်​နေကြတာတုန်း.. အိမ်​ရှေ့စံက ယွင်းအိမ်က မမ​လေးနဲ့ ​စေ့စပ်ရမှာမဟုတ်ဘူးလား..

The Secret Of Royal Garden🦋🔞(Completed)Where stories live. Discover now