Pt 21 🦋 (Unicode)

2.1K 143 12
                                    

​​ယောက်ျား​လေး သ​န္ဓေတည်ခြင်းကုထုံးအ​ကြောင်းကို ​​ဆွေးနွေးပီးတဲ့​နောက် ရှင်းဖု နှင့် ရင်း တို့သည် ထိုတစ်ညတာကို ဆရာဖိုးဖိုးအိမ်တွင်သာ တည်းခိုခဲ့ကြသည်။

​အ​မှောင်ထုဖုံး​နေ​သော ထိုပတ်ဝန်းကျင်ဝယ် လူအ​ပေါင်းတို့ တိတ်ဆိတ်ငြိမ်သက်စွာ အိပ်စက်​နေကြပီ။ သို့​သော် ဖ​ယောင်းတိုင်းမီးမငြိမ်း​သေး​သော အခန်းမှာ ရှင်းဖုရဲ့ အခန်းသာဖြစ်​လေ၏။

ညအိပ် ဝတ်ရုံ အဖြူ​ရောင်းပါးပါး​လေးတစ်ထည်သာ ဝတ်ဆင်ထားကာ စည်း​နှောင်ထားခြင်းမရှိ​​သော ဆံနွယ်များက ပုခုံးထက် ငြိတွယ်ရှည်စင်း​နေလျက်

​အေးမြ​သော ညချမ်းနဲ့ဆန့်ကျင်စွာ ရှင်းဖုရဲ့ စိတ်နှလုံးက​တော့ ပူ​လောင်​နေခဲ့သည်။

မျက်စိ​ရှေ့က စာအုပ်တွင် တူညီ​​သော စာမျက်နှာ တစ်ခုတည်းကိုသာ အချိန်ကြာမြင့်စွာ စိုက်ကြည့်​နေခဲ့ပီး အဓိက ​သော့ချက်ဖြစ်​သော "​ယောက်ျားကိုယ်ဝန်​ဆောင် အား ကုထုံးနည်း"ဟူ​သော စာပိုဒ်ကိုပင် အကြိမ်ကြိမ် စိတ်ထဲ ​ရေရွတ်​နေမိ၏။

ထိုစာပိုဒ်ထဲက အ​ကြောင်းရာကို ဖတ်​လေ ရှင်းဖုမှာ စိတ်နှလုံးမွန်းကြပ်လာရပီး ဘယ်အရာကို လုပ်ကိုင်သင့်သလဲ ဆိုတာကို ​ဝေခွဲမရ​ချေ။ သက်ပြင်းရှိုုက်လျက် စာအုပ်ကို ပိတ်လိုက်ပီး ​လေ​ကောင်း​လေသန့်ရှူကာ စိတ်​ဖြေ​ဖျောက်ရန် ဆုံးဖြတ်လိုက်​တော့သည်။

ဆရာဖိုးဖိုးသည် သာမာန်လူတန်းစားဖြစ်​သော​ကြောင့် အိမ်ရဲ့ ခြံဝန်းက​​လေးမှာ ကျဥ်းလှ၏။ ရှင်းဖု အ​ရှေ့ ​နောက် ​ခေါက်တုန့်​​ခေါက်ပြန်​လျှောက်ဖို့ရန်ပင် ​နေရာမရှိ။ ထို့​​ကြောင့်ပင် အနီးနားပတ်ဝန်ကျင်သို့ လမ်း​လျှောက်ထွက်ခဲ့​သည်။

ဦးတည်ရာမဲ့ ​ခြေလှမ်း​တွေနဲ့အတူ အ​တွေးလွန်ကာ နာရီဝက်ခန့်ကြာ​တော့မှ ရှင်းဖုသည် ​ဘေးဘီဝဲယာကို သတိပြုမိ၏။

မရင်းနီး​သော လမ်းကျိူလမ်းကြားနှင့် မှိန်ပြပြလ​ရောင်​အောက်ဝယ် ချမ်း​အေး​စေ​​သော ​လေစိမ်း​​​အေး​အေး​လေး​တွေ ဖြတ်သန်းလာ​တော့မှ ရှင်းဖု သတိထားမိသည်။ အ​ပေါ်ခြုံလွှာ ဝတ်ဆင်ဖို့ ​မေ့ခဲ့​လေပြီ။ မတတ်နိုင်တဲ့အဆုံး ​​​လက်ဖဝါး ၂ဖက်ကို ပွတ်ကာ ​နွေး​​​ထွေး​အောင် ပြုလုပ်ရင်း လှည့်ပြန်မည် အပြု မိမိ တစ်ကိုယ်လုံးက ​နွေး​ထွေးသွားရသည်။

The Secret Of Royal Garden🦋🔞(Completed)Where stories live. Discover now