Pt 9 🦋 (Unicode Ver) နှလုံးသား​ကြောင့် ငြင်းပယ်​သည်...

14K 438 8
                                    

တစ်မနက်ခင်းလုံး လီ​ဝေ့ ​တစ်​ယောက် ​ဟွာလီ​လေးနဲ့သာအတူ အချိန်​တွေကုန်ဆုံး​​နေ​ရင်း နှစ်​ယောက်အတူအိပ်​ပျော်သွားကြသည်.....

​ည​နေခင်း​ရောက်​တော့..နွေး​ထွေးတဲ့ လီ​​ဝေ့ ရင်ခွင်ထဲအိပ်​ပျော်သွားတဲ့ ဟွာလီ​လေး တဖြည်းဖြည်း​နွေး​ထွေးမှုကို မခံစားရ​တော့ အိပ်​နေရာက နိုးလာသည်... ​​

ပျောက်သွား​သော ရင်ခွင်တစ်စုံ ရဲ့​နွေး​​ထွေးမှု​ကြောင့် မသိစိတ်ကတုန်လှုပ်သွားပီ နာကျင်မှုတွေ​တောင်
မမှု..လီ​ဝေ့ကိုရှာရန် အိပ်ရာ​ပေါ်က​​ပြေးဆင်းကာ အခန်းတံခါးကိုဆွဲဖွင့်ဖို့လုပ်​တော့...တံခါးနား​တောင်
မ​ရောက် ​​မှောက်လျက်လဲကျ​တော့သည်...

အခန်းထဲက "ဘုတ်" ကနဲ အသံကြား​တော့...အခန်းပြင်က လီ​ဝေ့ အလန့်တကြားပြေးဝင်လာကာ...

လီ​ဝေ့: "ဟွာလီ အဆင်​ပြေရဲ့လား...ဘယ်လိုဖြစ်တာလဲ?"

ဟွာလီ: "ဘယ်​တွေသွား​နေတာလဲ?"

တုန်ရီ​နေ​သောအသံ​လေးနှင့် လီ​​​ဝေ့ကိုဖက်တွယ်ထား​မိသည် ... ဟွာလီသည် အစက​တော့ လီ​​ဝေ့ရဲ့ တစ်ဇွတ်ထိုး အပြုမူ​တွေ​ကြောင့် ထိတ်လန့်ခဲ့​ပေမယ်...
နှလုံးသား ရမ္မက်စိတ်က​တော့ လီ​ဝေ့ရဲ့ အထိ​တွေ့...​နွေး​ထွေးမှု​တွေနဲ့ အ​ငွေ့သက်​တွေကို​တောင်းဆို​နေတာ​ကြောင့်အနားမှာမရှိ​တော့လျင်ဖြစ် လီ​ဝေ့အား တမ်းတ ရှာ​ဖွေ​နေမိတယ်....

လီ​ဝေ့: " ကိုယ်ကိစ္စရှိလို့ နန်း​တော်ကိုခနသွားရဦးမယ်..
ဟွာလီ ဒီမှာပဲ​စောင့်​နေ​နော်..."

ခနတာ​ဘေးမှာ မရှိတာ​တောင် မ​​နေနိုင်တာ...အခု ​စောင့်​နေရမယ်ဆိုတဲ့ စကားကိုကြား​တော့ ဟွာလီ ရင်ထဲမှာ ဗ​လောင်ဆူသွားသည်...မသွား​စေချင်​ပေမယ့် အပြင်တံခါးဝကိုလှမ်းကြည့်လိုက်​တော့ လူတစ်​ယောက်က သွားဖို့လာ​​ခေါ်ရင်း ​စောင့်​နေသည့်ဟန်...

ဟွာလီ: "ဟို...ဟွာလီ အဲ့ကိုလိုက်ခဲ့လို့မရဘူးလား ဟင်?"

မျက်စိသူငယ် နားသူငယ် ​တောင်းဆို​နေ​သောလည်း... လီ​ဝေ့သည် အမတ်​တွေနဲ့ ဘုရင်တို့​တွေ့ဆုံစားသောက်ပွဲလုပ်တာကို တက်​ရောက်ရမှာဖြစ်တာ​ကြောင့်...ဟွာလီ ကို​ခေါ်သွားဖို့ကအဆင်မ​​ပြေ...

The Secret Of Royal Garden🦋🔞(Completed)Where stories live. Discover now