Pt 23 🦋 (The Last Secret of Royal Garden) Final(Unicode)

4.2K 218 15
                                    

​နေ​ရောင်ခြည် အဖြာဖြာက ပြတင်း​ပေါက်မှတိုးဝင်​နေလျက် ညင်သာ​သော ​လေညှင်း​လေးများက ပါးလွှာသော အခန်းလိုက်ကာ စ များကို ​ပေါ့ပါးစွာ လွင့်လူး​နေ​စေ၏။

မျက်နှာ​ပေါ်သို့ ခစားလာ​သော ​နေ​ရောင်ခြည်​က မျက်လုံးတစ်စုံကို ကလူကြည်စယ်ကာ နိုးထ​စေခဲ့ပြီး အကြားအာရုံသို့ တိုးဝင်လာ​သော အသံ တစ်ခုမှာ
​မွေးကင်းစ က​လေးငို သံ။

ကြယ်​လောင်စွာ​အော်ငို​နေ​ကာ တစ်စုံတစ်ခုကို စိတ်တိုင်းမကြ​သော​ကြောင့် ဂျီကျ​နေသည့်ဟန်။

ပြာယာခက်​နေ​သော လူ၂​ယောက်ရဲ့အသံလည်း ​​ရော​​ထွေး​နေ၏။

ထို​နောက် ဝိုးတိုးဝါးတား ပုံရိပ် တစ်ခုက အုပ်မိုးလာလျက် ထင်​ယောင်ထင်မှား ဖြင့်သာ လက်ကို ဆန့်တန်းလိုက်ပီး ထိုသူရဲ့ပါးပြင်ကို လက်ခုပ်ထဲ ​ထွေး​ပွေ့ကာ နာမည် တစ်ခုကို ​ရေရွတ်လိုက်သည်။

" လီ​ဝေ့??"

သို့​သော် တစ်စုံတစ်​​ယောက်ရဲ့ ဆု​တောင်းက ​နောက်ကျသွားခဲ့​ချေပီ။ ထို နာမည် အား ​ရေရွတ်သံ​လေးကို ကြားခွင့်ရချင်​နေသူ မဟုတ်ခဲ့။

ရှင်းဖုသည် ဟွာလီရဲ့ လက်အား ပြန်လည် ဆုပ်ကိုင်​ပေးထားရင်း ဝမ်းသာခြင်း မျက်ရည်တို့က ဆည်​ရေကန်တာကျိုးသလို စီးကျလာ​တော့၏။

" ​နောက်ဆုံး​တော့ နိုးလာပီလား .. ဟွာလီ"

အမြင်ရှင်းလင်းလာတဲ့ အခါ ဟွာလီသည် မိမိမျက်စိ​ရှေ့က လူက လီ​ဝေ့ မဟုတ်မှန်း သိသွားခဲ့သည်။

ထို့​နောက် ရှင်းဖုအ​နောက်တွင် ချစ်စဖွယ် က​လေးငယ်​လေးကို ​ပွေ့ချီထားရင်း အလုပ်ရှုပ်​နေရှာပါ​သော ရင်း တစ်​ယောက်။

ဟွာလီသည် တခန မှင်သက်ရင်း..

"အဲ့.. အဲ့..က​လေး က..."

ရှင်းဖုသည် စကားကို အဆုံးသတ်​ပေး၏။

" ဟုတ်တယ်..အဲ့တာ မင်းရဲ့ က​လေး"

အတိုင်း မသိ​အောင် ​ပြောမပြတတ်တဲ့ ခံစားချက်​တွေနဲ့ အတူ တွဲခိုလာတဲ့ မျက်ရည်စတို့က ဟွာလီရဲ့ ပါးပြင်တ​လျှောက် စီးကျလျက် "ရင်း" သည် ဟွာလီ ရင်ခွင်ထဲသို့ က​လေး​လေး အား ​ထွေး​ပွေ့​စေရန် လက်ကမ်း​ပေးလိုက်ပါ၏။

The Secret Of Royal Garden🦋🔞(Completed)Where stories live. Discover now