🦋 Pt 1 (Unicode)

28.4K 724 1
                                    

လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက..ရှန်ကျင်းလို့ခေါ်တဲ့ အလွန်လှပသာယာတိုင်းပြည်တွင် ကျင်းလီရှင်း လို့ခေါ်တဲ့ ဘုရင်တစ်ပါးအုပ်ချုပ်သည်.....

ဘုရင်ကြီး ကျင်းလီရှင်းတွင် လီဝေ့ ဟူသော ၁၃ နှစ်အရွယ်သားတော်တစ်ပါးရှိသည်...လီဝေ့သည် တော်ဝင်သွေး ရှင်ဘုရင်၏သွေးသား ဟုဆိုရလောက်အောင် ၁၃နှစ်သားအရွယ်လေးမှာပင် အလွန်ပင်တိုက်ရည်ခိုက်ရည်ကျွမ်းကျင်သည်ထက်ပိုသော...ရဲ့ရင့်ခြင်းအပြည့်နှင့်ရုပ်ရည်မှာခံ့ညားလွန်းတာဆိုလျင်ဖြင့် သူ့ကြောင့်နှလုံးသားမီးလျံလျံ တောက်နေရသောမိန်းမပျိုပေါင်းလည်းမနည်းပေါ့...

ထို့သို့အဘက်ဘက်က ပီးပြည့်စုံလွန်းသော လီဝေ့မင်းသားလေးသည် လူတိုင်းရဲ့ ချစ်ခြင်းကိုခံရသော်ညားလည်း...
လီဝေ့၏ အမေ ရွှယ်ဟွား .. ဘုရင်ကြီး ကျင်းလီရှင်း၏ မိဖုရားကြီး မှာ လီဝေ့ကို ဖွားတော်မူပီးမှတင်ပဲ ကျန်းမာရေးကြောင့် အသက်ဆုံးရှုံးခဲ့ရသည်.....

မွေးမိခင်၏မျက်နှာကိုပင် မမြင်ခဲ့ဖူးသော မင်းသား လေး လီဝေ့ သည် ..... မိခင်ကိုလွမ်းဆွတ်မိတိုင်း မိခင်၏ ပုံတူ ပန်းချီကားချပ်လေးကို ကြည့်ရုံအပြင်မတက်နိုင်ခဲ့...ဘုရင်ကြီးကျင်းလီရှင်းမှာလည်း နိုင်ငံရေးရာကိစ္စများနှင့်အလုပ်ရှုပ်ကာ သားတော်ကို ရံဖန်ရံခါ ဆိုဆုံးမရုံအပြင် လုံလောက်သောချစ်ခြင်းမေတ္တာမပေးနိုင်...

သို့သော် လီဝေ့မှာ..ဖခင်အပေါ် အမျက်ရှခြင်းမရှိ...
လီဝေ့ အမေဆုံးပါသွားပီးကတည်းက ဘုရင်ကြီးလည်း
နှလုံးသား ဒဏ်ရာများနဲ့ ခံစားခဲ့ရတာကို လီဝေ့ နားလည်သည်...

(ရေးရင်း သနားလိုက်တာ Our လီဝေ့လေး😥)

Prelogue လေးတော့ပီးပီ✌.. First own creation ပါ
ပထမဆုံးမို့လို့ အရေးသားပိုင်းတွေ နဲ့ အဘက်ဘက်က လိုအပ်ချက်တွေအတွက် ခွင့်လွှတ်ပေးကြပါလို့ အရင်ပြောချင်ပါတယ်🙏..
ပီးတော့ ဒီFicထဲက အကြောင်းရာတွေနဲ့ နာမည်ပေးတာတွေသည် စိတ်ကူးယဉ်တွေသာဖြစ်လို့..နာမည်ပေးတဲ့နေရာမှာ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါ🙏..
First own creation ဆိုပေမယ့် Mature content 🔞
တွေပါမှာပါ..Myanmar fic အခုမှစရေးဖူးပေမယ့် အနယ်နယ်အရပ်ရပ်ကျင်လည်ထားသူမို့...Sofie သမား တွေမဖတ်ခင် အရင် alert ❗ပေးပါရစေ...

"The Secert of Royal Garden" လေးကို အားပေး
ကြပါဦး🙏..Royal Garden ရဲ့ လျှို့ဝှက်ချက်က ဘာလဲဆိုတာ..ဆက်လက် စောင့်မျှော်ပေးကြဦးနော်..😘

The Secret Of Royal Garden🦋🔞(Completed)Where stories live. Discover now