🦋 Pt 5 လိပ်ပြာကချေသည် (Zawgyi Font)

12.2K 439 9
                                    

ကောင်လေးကိုအမြန်လှမ်းဆွဲလိုက်ပီး....

လီဝေ့သည် ခါးကိုင်းထားသောအနေထားနှင့်..ကောင်
လေးတစ်ကိုယ်လုံးအားလက်နှစ်ဖက်ဖြင့်တင်းတင်း
ကြပ်ကြပ်ပွေ့ဖက်သောအနေထားဖမ်းထားလိုက်မိသည်...

ကောင်လေးကလည်း လန့်ပီး လီဝေ့ရဲ့ ရင်ဘက်က ဝတ်ရုံကိုကျစ်ကျစ်စုပ်ကိုင်ထားလျက်ထိုင်လျက်
သားလေး.....နှစ်ယောက်လုံး အကြည့်တွေဆုံကာ စက္ကန့်၃၀ လောက်ခနတာ မှင်သက်နေသည်....

ကောင်လေးသည်...သေးသွယ်သောမေးရိုးလိုင်းလေး..နှာတန်စင်းစင်းလေးနှင့်...ရွှန်းလဲ့တောက်ပပီး လုံးဝိုင်းသော မျက်လုံးပြူးပြူးလေးတို့နှင့် အပြစ်ကင်းစင်သော ကလေးတယောက်ပမာ လီဝေ့ကို ကြည့်နေသည်

လီဝေ့လည်း ထိုကလေးမျက်နှာလေးကိုကြည့်ရင်း လိုချင်တပ်မတ် စိတ်တွေပေါ်လာသည်...

ခနကြာတော့မှ...သတိပြန်ကပ်ကာ ကောင်လေးကို အသာလွှတ်ပေးလိုက်ပီး...လွှတ်ကျသွားသောဓားကိုပြန်ကောက်ရင်း....တည်ငြိမ်သောအသံဖြင့်
လီဝေ့: "မင်းဘယ်သူလဲ?"

ကောင်လေးကမျက်မှောင်လေးကြုံ့ပီး...အသံတိုး
တိုးလေးနဲ့...
ကောင်လေး: "လက်ထဲကအဲ့ဓားကြီးချလိုက်ပါလား"

လီဝေ့: "မင်းဘယ်သူလဲသိမှ ငါဓားကိုချပေးမယ်"

ကောင်လေး:"ဟင့်...အကျင့်ပုတ်တယ်...ငါ့ကိုသူပဲ
ခေါ်လာပီးတော့..." ဟုဆိုပီး လီဝေ့ကို မျက်နှာလွှဲကာ နှုတ်ခမ်းလေးထော်ပီးပြောနေသည်.....

ကောင်လေးစကားကြောင့် လီဝေ့ တွေဝေသွားပီး...
လီဝေ့: "ငါမင်းကိုခေါ်လာတယ်..ဟုတ်လား?"

ကောင်လေး: "ဟုတ်တယ်လေ..." ဆိုပီး ချယ်ရီပင်ရဲ့
သစ်ကိုင်းမှာချိတ်ထားတဲ့လိပ်ပြာလှောင်ချိုင့်လေးကို
လက်ညှိုးလှမ်းထိုးပြသည်...

လီဝေ့သည် ညွှန်ပြရာကို ကြည့်လိုက်ရာ..လှောင်ချိုင့်ထဲက လိပ်ပြာလေးမရှိတော့...လီဝေ့ထိတ်လန့်သွားပီး...

လီဝေ့: "လိပ်ပြာလေးရော?...မဟုတ်မှလွဲ...မင်း...မင်း...
ခိုးထားတာလား...?" ဆိုပီး အလန့်တကြားအသံဖြင့်
မေးတော့သည်...
ထိုအခါကောင်လေးက

ကောင်လေး:"ဟော...ခက်တော့တာပဲ...ကျွန်တော်ပါ...ကျွန်တော်က အဲ့လိပ်ပြာလေးပါ..." ဟုပြောရင်း
ဘယ်ဘက်လည်ပင်းနားကဆံပင်လေးတွေကို လက်ဖြင့်သပ်လိုက်ပီး လိပ်ပြာပုံ အမှတ်ကလေးကို ပြလိုက်သည်

ထို့နောက် သက်ပြင်းလေးချလိုက်ကာ..."ငါ့မှာတော့ သူကအဖော်ပြုပေးပါ ဆိုလို့
လိုက်လာပေးတာ...ဘာမှလည်းမလုပ် ပျင်းလို့ ရေကစားနေတာကို...ငါ့ကိုလာစွတ်စွဲနေတယ်"ဟုဆိုပီး..နှုတ်ခမ်းလေးထော်ကာ လီဝေ့
မကြား ကြားအောင် ရေရွတ်နေသည်......

အဲ့တော့မှ...လီဝေ့ က သူ့မယ်တော် (မိခင်) ရေးသား မှတ်တမ်းတင်ထားသော စာအုပ်တွေထဲက ဖတ်ဖူးတာ
ကိုသတိရသွားသည်...
.
စာအုပ်ထဲတွင်....
....." လိပ်ပြာကချေသည် ".....
" လိပ်ပြာအသွင် လူအသွင် ပြောင်းလဲနေထိုင်လို့ရသော
ကချေသည်များ...အလွန်လှပကာ နူးညံ့သိမ်မွေ့သော
နှလုံးသားပိုင်ရှင်များ...တစ်ဖက်သူရဲ့ ခံစားချက်ကို
သိလွယ်သောသူများ ဖြစ်ကြသည်...
လိပ်ပြာကချေသည်ကို ပိုင်ဆိုင်ချင်ရင်...လူအသွင်ပြောင်းတဲ့အချိန် ဘယ်ဘက်နားရွက်အောက်က လိပ်ပြာအမှတ်သားကို နမ်းလိုက်ရင် လိပ်ပြာအသွင်ပြန်မပြောင်းနိုင်
တော့ပဲ ထိုလိပ်ပြာကချေသည်အား ပိုင်ဆိုင်နိုင်မည်...."။ ဟုရေးသားထားသည်.....

လီဝေ့စိတ်ထဲကအတွေး.. "မဟုတ်မှလွဲ..မယ်တော်ရေးခဲ့တာတွေက အမှန်တွေသာဆိုရင်..ဒီကောင်လေးက ချယ်
ရီပန်းဥယျာဉ်တော်ရဲ့ လျှို့ဝှက်ချက်ဆိုတဲ့ "လိပ်ပြာ
ကချေသည်" ???" ... ဟုတွေးနေရင်း...
လီဝေ့ အကြည့်တွေက တဖြည်းဖြည်းကောင်လေးရဲ့ ဘယ်လက်နားရွက်အောက်ကိုရောက်သွားပီး....မိုက်မဲသောအပြုံးပြုံးလိုက်သည်...

ထို့နောက်ကောင်လေးရဲ့လည်ပင်းကိုလှမ်းဆွဲလိုက်ပီး
ဘယ်ဘက်နားရွက်အောက်ကလိပ်ပြာအမှတ်ကိုနမ်းလိုက်လေသည်.....🦋(ဆက်ရန်)

( ကဲ ရှင်းခန်းလေးနည်းနည်း ဝင်မယ်နော်✌)
တကယ်တော့ လီဝေ့က ဒီဥယျာဉ်တော်ရဲ လျှို့ဝှက်အချက်အကြောင်းကို မယ်တော်ရေးခဲ့ထဲ စာအုပ်တွေထဲက ရိပ်မိလို့ ... ရှာဖွေဖို့လာခဲ့တာပါ...
အဲ့တာကြောင့် ကောင်လေးရဲ့စကားအပေါ် သံသယ ကင်းနေခဲ့တာပေါ့...

လီဝေ့အမေ မဆုံးပါးခင်တုန်းကတော့ ဥယျာဉ်တော်မှာ
လိပ်ပြာကချေသည်တွေအများကြီးရှိခဲ့ပါတယ်...လီဝေ့အမေဆုံးပါးပီး နောက်တော့ တဖြည်းဖြည်းပျောက်ကွယ်သွားကြရင်း...ယခု လီဝေ့နဲ့တွေ့တာက နောက်ဆုံး တစ်ကောင်ပါ....🦋

ကဲ ဒီတပိုင်းကတော့ နည်းနည်းရှည်တယ်နော်...သူတို့
ရဲ့တွေ့ဆုံခန်းလေဆိုတော့...ဖတ်ပေးကြပါဦး😘💜

The Secret Of Royal Garden🦋🔞(Completed)Where stories live. Discover now