Pt 14 🦋 (​ပျောက်ဆုံး​နေ​သော လိပ်ပြာငယ်🔞) Zawgyi

2K 90 5
                                    

Warning alert 🔞

...."ဒါ..ဒါ ဘယ်​နေရာလဲ"....

....."မမြင်ရဘူး..ဟွာလီ​ ကြောက်တယ်..လီ​ဝေ့..လီ​​ဝေ့"

....."..ကယ်ပါ..အာ့💥" (ဟွာလီ ဦး​ခေါင်း​နောက်မှ ခပ်ပြင်းပြင်းရိုက်ချလိုက်တာ​ကြောင့်.. တစ်ချက်တည်းနဲ့တင် သတိ​မေ့သွားရရှာသည်)

ထို့​​နောက် တစ်ကိုယ်လုံး အနက်​ရောက်ဝတ်စုံများဝတ်ဆင်ထား​​သော သူတချို့က ဟွာလီ ခန္ဓါကိုယ်​သေး​သေး​လေးကို ကြိုးတုတ်ကာ ဖမ်းသွား​လေသည်...
.
.
.
.
*လီ​​ဝေ့ အိမ်​တော်မှ ထွက်သွားပီ လွန်ခဲ့​​သော ၂ရက်ခန့်က*
.
.
ဟွာလီ: "ရင်း.. ကိုယ်ရံ​တော် ရင်း!!!"

ရင်း: "အ​မ​လေး​လေး.. ​ချော်လဲပီး တခုခုဖြစ်လို့ လီ​ဝေ့ပြန်​​ရောက်ရင် ကျွန်​တော့်အသက်အစိခံ ​နေရပါဦးမယ်..​ဖြေး​ဖြေးလာပါ ကိုယ်လုပ်​တော်​လေးရယ်"

ဟွာလီ:"​Hee Hee..ဟွာလီ ​ချော်မလဲပါဘူး.. ရင်း လဲအသက်မခံရဘူးစိတ်ချ.. အဲ့တာထက်.. ဒီမှာကြည့်.."

(အားတတ်သ​ရော ဘာကိုများကြည့်​စေချင်လို့ အ​လောသ​ကော ဘာပြပါလိမ့်.. ကိုယ်ရံ​တော် ရင်း သည် ဟွာလီလက်ထဲက ဖြူဖြူ အိအိ ဆန်မုန့်လုံး​လေးအား ကြည့်လိုက်သည်)

ရင်း :"ဆန်မုန့်လား"

ဟွာလီ:"အင်း..ကြည့်..ချစ်စရာ​လေးမလား.. အဲ့တာဟွာလီကိုယ်တိုင်လုပ်ထားတာ.."

"ဟွာလီ ကိုယ်တိုင်လုပ်ထားသည်" ဟုကြား​သောအခါ ရင်း ရဲ့မျက်နှာမှာ မသက်မသာဖြစ်လာရကာ "ဘုရား တရား.. သူကိုယ်တိုင်လုပ်ထားတာတဲ့.. အလုပ်​တေလုပ်ခိုင်းတယ်ဆိုပီး ဟိုက ​ဒေါသပုန်ထရင် ငါအသက်​ပျောက်ပီ..tsk..tsk.." ဆိုကာ စိတ်ထဲ​ရေရွတ်မိ၏

ရင်း:"မင်းဘယ်ကသင်လာတာတုန်း? အဲ့တာလုပ်တာ?"

ထို့​နောက်..ဟွာလီသည် ဆက်​ပြော၏။

ဟွာလီ:" အထိန်း​တော်ကြီး​တွေစီက​ပေါ့.. လီ​ဝေ့နဲ့ ​ဈေးထဲသွားတုန်းက စားခဲ့တဲ့မုန့်​လေး​တွေနဲ့တူလို့ စိုက်ကြည့်​နေရင်း.. ဒါလုပ်​နေတဲ့ အထိန်း​တော်ကြီးက​ပြောပြတာ.. ဘဝမှ ချစ်ရသူလုပ်​ကျွေးတဲ့ဆန်မုန့်​လောက် ဘယ်အရာကမှမ​ကောင်းဘူးတဲ့"

The Secret Of Royal Garden🦋🔞(Completed)Where stories live. Discover now