🦋 Pt 2 (Zawgyi Font)

15.4K 408 5
                                    

၁၀ နှစ်ခန့်ကြာသော်...
မင်းသားလေး လီဝေ့သည် အသက် ၂၃ နှစ်ရှိပီဖြစ်သည်...တိုက်ရည်ခိုက်ရည် အဘက်ဘက်က ကျွမ်းကျင်နေပီဖြစ်သော လီဝေ့ဟာ...စာပေ ဘက်ကိုပြန်ပီးအချိန်
ပေး လေ့လာချင်စိတ်ပေါ်လာသည်...
ဘုရင်ကြီးကျင်းလီရှင်း နားနေဆောင်တွင် စာဖတ်နေစဉ်...
အစေခံ: "မင်းကြီး...အိမ်ရှေ့စံမင်းသားက တွေ့ရန်ခွင့်တောင်းပါတယ် ဘုရား"...

မင်းကြီး: "သားတော်??...ဟုတ်ပီ...ဝင်ခိုင်းလိုက်ပါ"

လီဝေ့ ခမည်းတော်ရှေ့ရောက်သောအခါ..ဦးညွတ်
ကန်တော့ပီးလျင်...ရိုသေစွာထိုင်ကာ....

လီဝေ့:"ခမည်းတော်သားတော်..လျောက်တင်စရာရှိလို့ပါ..."

မင်းကြီး : "ပြောပါဦး ... ငါ့သားတော်"

လီဝေ့: "ခမည်းတော်...သားတော် ငယ်စဉ်ကတည်းက..ပညာတွေသင်ပီး...ဓားရေး..စစ်ရေးစစ်ရာတွေသင်ကြားရင်း နေခဲ့တာ ..သားတော် အသက် ၂၃နှစ်ရှိခဲ့ပါပီ........
ယခုတော့..သားတော် ဝါသနာပါသော စာပေတွေဖတ်ရင်း...၃နှစ်လောက် မယ်တော်နေခဲ့သော ချယ်ရီပန်းဥယျာဉ်တော် အဆောင်တွင် အနားယူပါရစေ ခမည်းတော်..."

လီဝေ့သည်...ခမည်းတော် ဆန္ဒကြောင့် စစ်ရေးစစ်ရာ ကိစ္စတွေ သင်ကြားနေရသော်လည်း...စာအုပ်စာပေ လေ့လာချင်းကို ပိုဝါသနာပါပီး အနေအေးသောသူဆိုတာ
ဘုရင်ကြီးကျင်းလီရှင်း သိသည်...ထို့အပြင် ဖခင်စကား
ကိုဆန့်ကျင်ခြင်းမရှိ...ဆန္ဒအတိုင်းနေထိုင်ခဲ့သူမို့....ဘုရင်းကြီး ကျင်းလီရှင်းမှာ ၂ခါမစဉ်းစားတော့ပဲ....

မင်းကြီး : "ဟုတ်ပါပီ သားတော်..ငါ့သား အလိုအတိုင်း ချယ်ရီပန်း ဥယျာဉ်တော်တွင် ၃နှစ်အနားယူစေ....အစေခံတွေထည့်ပေးလိုက်မယ်"....

လီဝေ့ : "ကျေးဇူးကြီးလှပါတယ် ခမည်းတော်...ဒါဆို..
သားတော်ကိုသွားခွင့်ပြုပါဦး"

မင်းကြီး: "ဟုတ်ပါပီ"

ဟုဆိုပီးလျင်..လီဝေ့သည် မင်းကြီးအား ဦးညွတ်ပီး...ထွက်သွားလေသည်....။

(နန်းတွင်း အသုံးနှုန်းတွေ သိပ်မသိလို့..လိုအပ်တာရှိတာ..မှားတာတွေရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါ🙏......

Btw...လီဝေ့ ဟာဒီFicရဲ့ Seme ကိုကို ပါနော်😉..
ပီးတော့ "ချယ်ရီပန်း ဥယျာဉ်တော်" ဆိုတာ သတိထားမိခဲ့ကြရဲ့လား....အဲ့တာ Seme နဲ့ Uke တို ချစ်ရေးလူး
ကြမယ့် အဓိက နေရာပါ😊...

Seme ကိုတော့ သိပီးပီဆိုတော့...Uke လေးကို နောက်
အပိုင်းတွေကို ဆက်လက်ရှုစား ပေးကြပါဦး😘)

The Secret Of Royal Garden🦋🔞(Completed)Where stories live. Discover now